အခန်း (၃၀၆) မွေးမြုခြင်းနှင့်အစားအစာ (၃၂)

127 28 0
                                    


စားရန်အတွက် နောက်ဆုံးခရမ်းချဉ်သီး ၂ လုံးအား ခွဲဝေလိုက်ကြသည်။ လူတိုင်းမှာလည်း ရင်ထဲတွင် စိတ်တိုင်းမကျဖြစ်နေခဲ့ကြသည်။

“စားစရာထပ်ရှာရမယ့်အချိန်ပဲ”

ထိုသည်ကိုပြောလိုက်သောအခါ လူတိုင်းတုန့်ဆိုင်းသွားကြသည်။

ဤနေရာသည် မီးဖိုချောင်ဖြစ်သော်လည်း လူသားများသာရှိနေခြင်းဖြစ်သည်။ သူတို့သာအစားအစာရလိုပါက ယခင်က သူတို့ပုန်းခိုခဲ့သည့်သိုလှောင်ခန်းသို့ သွားရန်လိုပေသည်။

အမ်ဗျူများ၏မျက်လုံးထဲတွင် သူတို့မှာ ဂိုထောင်ထဲမှ ကြွက်များနှင့် အတူတူပင်ဖြစ်သည်။

လူသားများသည် နေ့စဉ်နေ့တိုင်းပင် -တ်ခံနေရကြရသည်။ သူတို့၏အိပ်မက်ထဲတွင်ပင် အမ်ဗျူများအဖမ်းခံရသည်ဟု မက်နေကြသည်။

လွန်ခဲ့သည့် ၃ ရက်ခန့်က အစားအစာများခိုးယူရာတွင် သူတို့အဖွဲ့၏အရေအတွက်မှာ ၇ ယောက်မှ ၅ ယောက်သို့ လျော့နည်းသွားသဖြင့် လူတိုင်းမှာလည်း ကြောက်ရွံ့တုန်လှုပ်မှုအပြည့်ဖြစ်နေကြသည်။

သို့သော်လည်း ဤရက်များတွင် ယခုကဲ့သို့ ခရမ်းချဉ်သီးကိုသာ စားနေခဲ့ရခြင်းဖြစ်သည်။
စားသောက်ရန်တစ်ခုခုကိုမရှာနိုင်ပါက အဆာလွန်ပြီး သေရမည်မှာ မလွဲပေ။
…………………………………………

ညဖက်…………….
အပြင်ဖက်ရှိ မီးရောင်များမှိတ်သွားသည်။

တစ်နေ့လုံးစောင့်ဆိုင်းနေခဲ့ကြရသည့်လူများမှာ တိတ်ဆိတ်စွာဖြင့် သိုလှောင်ခန်းဆီသို့ရွေ့လျားလိုက်ကြသည်။

လေဝင်လေထွက်ပြွန်ဇကာပေါက်မှ အောက်သို့ငုံ့ကြည့်လိုက်လျှင်ကား မှောင်မဲနေသည်။ ကြီးမားလှသည့် သခွားသီး၊ အာလူးများကို ဝိုးတဝါးမြင်နေရသည်။

သူတို့ရှာနေကြသည်က ခရမ်းချဉ်သီးများပင်။

မှတ်ညဏ်အတိုင်းစမ်းတဝါးဝါးလာရင်း ထိကြည့်လိုက်ရာတွင် အနည်းငယ်အေးစက်စက်ခံစားရသည်။

ယနေ့ခရမ်းချဉ်သီးကား အနည်းငယ်ထူးဆန်နေသလိုရှိသည်။ ပို၍သတ္တိရှိသောကစားသမားများက ဖျစ်ညှစ်ကြည့်လိုက်သည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now