အခန်း (၃၁၁) မွေးမြုခြင်းနှင့်အစားအစာ (၃၇)

160 31 2
                                    

အမ်ဗျူများ အောက်ဆင်းမလာကြတာ အံ့ဩစရာတော့မဟုတ်ဘူး…………

အပေါ်ဖက်အပေါက်ကား ပိတ်ဆို့ခံထားရပြီး နောက်ဖက်တွင် ထွက်စရာမရှိပေ။ အရှေ့တွင်လည်း ဤကဲ့သို့ မွန်းစတားကြီးတစ်ကောင်ရောက်နေလေပြီ။

ဒီအကောင်ကြီးကိုသာ မသတ်နိုင်ရင်တော့ လူတိုင်းသူ့အစာဖြစ်တော့မှာပဲ………….

ဖုရီရှီသည် ခန္ဓာကိုယ်ကိုထောက်လိုက်ရင်း မွန်းစတားကြီးကို ရင်ဆိုင်လိုက်၏။ ဖူအန်သည်လည်းမတ်တပ်ရပ်လိုက်ကာ မီးဖိုချောင်ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

ကစားသမားအချို့မှာ သူတို့ကိုဖြတ်ကျော်လိုက်ကြပြီး မြောင်းအဆုံးတွင် တင်းကြပ်စွာပိတ်ဆို့ထားသော ရွံ့များပေနေသည့်နံရံကြီးတွင် ကပ်နေလိုက်ကြကာ ရွံ့များကိုယက်လျှက် အပေါ်ဖက်သို့တက်ရန် ကြိုးစားနေကြလေသည်။

အပေါ်ဖက်သို့တက်ခြင်းသည် သေမည့်အဆုံးသတ်မဟုတ်ပေ။

ဖူအန်မှာ ဖုရီရှီ၏လှုပ်ရှားမှုအတိုင်းနောက်မှလိုက်ကာ မွန်းစတားအား ပြင်းထန်စွာခုတ်ချလိုက်သည်။

သို့သော်လည်း မွန်းစတား၏အရေပြားမှာ အလွန်မာကျောလိမ့်မည်ဟု သူမမထင်ထားမိခဲ့ပေ။

ထက်မြသည့်ဓားမှာ ထိုအရေပြားပေါ်တွင် အဖြူရောင်အစင်းကြောင်းလောက်သာထင်ကျန်နိုင်ခဲ့ပြီး ဓားသည်လည်းတုန်ခါသွားလေသည်။

“ဂျီ….”

မွန်းစတား၏အဝိုင်းပုံသဏ္ဍာန်ပါးစပ်ပေါက်မှ ထက်မြသည့်သွားများပေါ်ထွက်လာပြီး နားစည်ကွဲမတတ် အော်ဟစ်သံကြီးထွက်ပေါ်လာသည်။

ဖူအန်မှာ နာကျင်မှုကိုသည်းညဉ်းခံရင်း မီးဖိုချောင်ဓားဖြင့် ဆက်ခုတ်လိုက်၏။

ဒီအရာကြီးက မာကျောတဲ့အရေပြားကြီးနဲ့………….တကယ်ပဲ အားနည်းချက်ဆိုတာမရှိဘူးလား………

တစ်ဆက်တည်းမှာပင် သူတို့၏တိုက်ခိုက်မှုကြောင့် မွန်းစတားကြီးမှာ ပို၍ပင် ကြမ်းတမ်းလာသည်။ မွန်းစတာက အစွယ်များကိုထုတ်လိုက်ပြီး သူတို့ကို ကိုက်ချလိုက်သည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now