ထိုအသံများကိုကြားသောအခါ ဖူအန်က လျှင်မြန်စွာဖြင့် ထိုင်ခုံပေါ်တွင်ထိုင်ချလိုက်ပြီး မိုးကာအင်္ကျီကို ချွတ်လိုက်ကာ နံရံကိုမှီ၍ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
ဝင်လာကြသည့်လူများသည် ဖူအန်အားမြင်သောအခါ ကြောင်သွားကြပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကြသည်။
“ငါတို့အခုလေးတင်ပြောနေကြတာတွေကို သူတစ်ချိန်လုံး ခိုးနားထောင်နေတာတော့ မဟုတ်ပါဘူးနော်?”
“တကယ်အိပ်နေတာလား…………..အိပ်ချင်ယောင်ဆောင်နေတာလား?”
“ဘာလို့အရမ်းဂရုစိုက်နေမှာလဲ…………..သူ့ကိုအရင်နိုးလိုက်”
…………………………………………ဖူအန်မှာ သူမကိုတစ်ယောက်ယောက်က လာပုတ်သလိုခံစားလိုက်ရ၏။ ထို့ကြောင့် ရုတ်တရက်အိပ်ပျော်နေရာမှ လန့်နိုးလာသကဲသို့ မျက်လုံးဖွင့်ကြည့်လိုက်သည်။
“၁၁၆၀…………………နင်လည်းအလုပ်ပြီးပြီပေါ့”
ဂိမ်းထဲတွင် အန်ပီစီအားလုံးသည် အခြားလူများအား လက်နောက်ဖက်ရှိနံပါတ်စဉ်အတိုင်း ခေါ်ဝေါကြလေသည်။
ခေါင်းဆောင်ဖြစ်သောရှောင်အိုက်မှာ အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။
“နင်က ကစားသမားတစ်ယောက်လား?”
ဖူအန်က ခါးကုန်းလိုက်ပြီး တစ်ဝက်ကျန်သေးသည့်မိုးကာဘောင်းဘီအား ချွတ်လိုက်ကာ ပုံမှန်အမူအရာဖြင့် သူတို့ကိုပြောလိုက်၏။
“နင်တို့က နည်းနည်းနှေးတာကို……………နင်တို့ကိုစောင့်ရင်း ငါအိပ်ပျော်သွားတာ…………….
အခုနင်တို့ပြီးပြီဆိုတော့ အဝတ်တွေချွတ်ပြီး အပြင်ထွက်ကြမယ်လေ…………ဘာလို့ဒီမှာ ရပ်နေကြတာတုန်း?”
ထိုသည်ကိုကြားသောအခါ လူအချို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ လှုပ်ရှားမှုတိုင်းသည် အန်ပီစီတစ်ယောက်နဲ့အလွန်တူလှသဖြင့် အန်ပီစီလား၊ ကစားသမားလား မသေချာပေ။
ရှောက်အိုက်က နှုတ်ခမ်းအနည်းငယ်တွန့်လိုက်ပြီး ရုတ်တရက်အော်လိုက်၏။