အခန်း (၂၈၅) မွေးမြုခြင်းနှင့်အစားအစာ (၁၀)

205 32 1
                                    


သူတို့ရဲ့အသွင်အပြင်တွေနဲ့ဆိုရင် ဒီကောင်တွေကို မွန်းစတားတွေလို့ ခေါ်သင့်တာမဟုတ်ဘူးလား.......

ဒီအန်ပီစီတွေရဲ့အမြင်က ချီးလိုပဲ မျက်လုံးကွယ်နေကြတာများလား.........

နတ်ဘုရားတွေကို မြင်တဲ့အတိုင်းပဲ ဖြစ်နေကြသေးတယ်............

ဖူအန်မှာ သူတို့နှင့်အတူရူးသွပ်စွာအော်နေရင်းမှ တွေးမိလိုက်သေးသည်။

ဤ "အန်ဗျူ"များမှာ အားလုံး၏မျက်လုံးအောက်တွင် အာကာသယာဉ်ပေါ်မှ ဆင်းလာပြီး သူတို့၏ပျော့ပြောင်းနေသောလက်များဖြင့် ရှေ့ဆုံးမှအန်ပီစီအား ထိလိုက်၏။

အထိခံရသည့်အန်ပီစီမှာ အလွန်ပျော်ရွင်နေသည်။
သူ့မျက်နှာမှာ နတ်ဘုရားတစ်ပါးက ထိလိုက်သည့်အတိုင်းပင်ဖြစ်နေသည်။

အာကာသယာဉ်မှ ဆင်းလာသည့် 'အမ်ဗျူ'များမှာ စုစည်းလိုက်ကြပြီး သူတို့၏ထူးခြားသည့်ဘာသာစကားများဖြင့် ပြောဆိုလိုက်ကြသည်။ ထို့နောက် အစားအသောက်တန်း၊ စက်ရုံနေရာ၊ နေထိုင်သည့်အဆောက်အဦဧရိယာများသို့ လူခွဲသွားကြသည်။

ဤ 'အမ်ဗျူ'များမှာ နေရာတိုင်းကို လွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာနိုင်ပြီး ခေါင်းပေါ်ရှိစက်ရုပ်များသည်ပင် သူတို့၏အမိန့်ကို နာခံရလေသည်။

ဖူအန်က ဤစက်ရုပ်များအားကြည့်လိုက်ပြီး သူတို့၏ပိုင်ရှင်အစစ်ကိုရှာတွေ့လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ဒီလောက်ကြီးမားတဲ့မွေးမြူရေးခြံကြီးက 'အမ်ဗျူ'တွေ ပိုင်တာများလား?..........

ငါတို့က ဒီဂြိုလ်သားတွေအတွက် အလုပ်လုပ်ပေးနေရတာလား?.............

ဖူအန်မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူမ မသေချာသေးပေ။

ဒီလိုစွမ်းအားကြီးတဲ့ဂြိုလ်သားတွေရှိနေတယ်ဆိုရင် သူတို့က ဘာလို့ ကြက်တွေ၊ ဝက်တွေ၊ ဘဲတွေ၊ သိုးတွေကို မွေးမြူချင်နေရတာလဲ?........

ဒါက ဒဏ္ဍာရီတွေ၊ ပုံပြင်တွေထဲက မျိုးစိတ်ကွဲတွေကို စားသောက်ကြတဲ့ပုံစံများလား?...........

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now