ရုတ်တရက် ၃ ဖက်မြင် လေဟာနယ်မှာ ၂ ဖက်မြင်ရုပ်ကားကြီးကဲ့သို့ဖြစ်သွားကာ တစ်စုံတစ်ယောက်မှ မွန်းစတားကြီး၏အစိတ်အပိုင်းကို ခဲဖျက်ဖြင့်ဖျက်လိုက်သကဲ့သို့ပင်။
သူမအောက်ဖက်ရှိမွန်းစတားကြီးမှာ ရုတ်တရက်သေဆုံးသွားပြီး ဖူအန်သည်လည်းမြေကြီးပေါ်သို့ကျသွားသည်။
မွန်းစတားအလောင်းကြီးအား ငေးကြောင်ကြောင်ဖြင့်ကြည့်မိလိုက်၏။ ကျန်ရှိနေသည့်တစ်ဝက်မှာ မြေကြီးပေါ်တွင် သွေးများစီးကျလျှက်ရှိနေသည်။
ငါ………..ငါ…..စွမ်းအားအရမ်းကြီးတာလား?.....
ဖူအန်မှာ တစ်စက္ကန့်လောက်ရပ်တန့်နေမိပြီးနောက် လက်မောင်းပြတ်သွားသည့်ဖုရီရှီအား သတိရမိသွားသည်။
“အစ်ကိုဖု……….ရှင်……”
သူမပြောမထွက်ခင်တွင်ပင် ဖူအန်၏ခန္ဓာကိုယ်ပျော့ခွေသွားသည်။
သူမခန္ဓာကိုယ်တစ်ခုလုံးရှိခွန်အားများမှာ ကုန်ဆုံးသွားပြီး ဦးခေါင်းမှကိုက်ခဲခြင်းမှာ ဦးခေါင်းကိုခွဲနေသည့်အလားပင်။ သူမအသက်ရှုရသည်မှာလည်း ခက်ခဲလာ၏။
“ဖူအန်”
ဖုရီရှီသည် ဖူအန်၏သွေးထွက်သံယိုပုံစံများအား ယခင်ကတစ်ခါမှမဖြစ်ဖူးခဲ့သော မိမိကိုယ်ကိုအပြစ်တင်သည့်စိတ်ဖြင့်ကြည့်လိုက်မိ၏။
ဖူအန်မမြင်နိုင်သည်မှာ နှမြောစရာပင်။
သူမ၏မျက်လုံးများမှာ သွေးများဖြင့်လွှမ်းနေ၏။“အစ်ကိုဖု…………ရှင်အဆင်ပြေရဲ့လား?”
ဒီတစ်ကြိမ်က ပါးပါးဖုကို ကယ်တင်ဖူးတဲ့ပထမဆုံးအကြိမ်ပဲ…………ငါအရမ်းကြမ်းတယ်လို့ခံစားရလိုက်တာ……
“အင်း”
ဖုရီရှီမှာ သူမအားတင်းကြပ်စွာဖြင့် ပွေ့ချီထား၏။ သူမလက်ချောင်းများမှာ ထိုအားကြောင့် အဖြုရောင်သို့ပင် ပြောင်းလာ၏။
“ကျွန်မအခုလုပ်ခဲ့တာ ကောင်းရဲ့လား?”
ဖူအန်က ယခုသူမလုပ်ခဲ့သည့်အရာမှာ မိုက်လှကြောင်းတွေးမိလိုက်သည်။