ယနေ့တွင် အဖွဲ့တစ်ဖွဲ့ထဲမှ လူငယ်တစ်ယောက်သည် အမွေးရှိသည့်တိရစ္ဆာန်များကိုကြောက်ရွံ့သဖြင့် လုပ်ဆောင်ရာတွင် ပုံမှန်ထက်နောက်ကျနေသည်။
ထိုလူငယ်မှာ နောက်ဆုံးလူအုပ်ထဲမှ ဖြစ်လေသည်။
ကျဉ်းမြောင်းလှသည့်ထွက်ပေါက်ထဲတွင် လူရာပေါင်းများစွာက သူတို့၏ရှေ့တွင်ရှိနေကြပြီး သူတို့၏နောက်တွင် လူ ၅၀ အောက်လောက်သာ ကျန်တော့သည်။နေ့စဉ်အစာစားသည့်အချိန်သည် သတ်မှတ်ချက်ရှိလေသည်။ သူက လုပ်ငန်းဆောင်ရွက်ရာတွင် နှေးကွေးသွားသောကြောင့် အုပ်စုတစ်ခုလုံးက မကျေမနပ်ဖြစ်နေကြသည်။
အနည်းငယ်ဝသည့်မိန်းမတစ်ယောက်မှာ သည်းမခံနိုင်တော့ပဲ ပထမဆုံးအပြစ်တင်လိုက်၏။
“ထမင်းစားချိန်ကိုပဲ တစ်ဝက်တောင်ကျော်နေပြီ ငါတို့မထွက်ရသေးဘူး………….အဲ့တာနင့်ကြောင့်……….ယောကျ်ားလေးဖြစ်ပြီး မိန်းကလေးထက်တောင် ပျော့ညံ့နေရလား”
ဂိမ်းမှာ နေ့စဉ်နေ့တိုင်းပုံစံတစ်မျိုးတည်းကိုသာ ပြုလုပ်နေရသည့်အတွက် ပျင်းစရာကောင်းပြီး ကြောက်စရာလည်းကောင်းလှသည်။
အစာစားချိန်သည်သာ သူမအတွက် အနားယူရသည့်အချိန်ပင်။အစစ်အမှန်ကမ္ဘာတွင် သူမ၏ခန္ဓာကိုယ်အားထိန်းသိမ်းရန်အတွက် ထမင်းစားသည့်အချိန်တွင်ပင် ထမင်းစေ့ကို ရေတွက်၍ စားနေရသည်။ ယခုဂိမ်းထဲတွင် စားသည်များမှာ အစစ်အမှန်ကမ္ဘာအား သက်ရောက်မှုမဖြစ်စေသဖြင့် ၁၀ ရက်ကျော်စားလိုက်သောက်လိုက်လုပ်နေရသည်မှာ သူမအတွက် အပျော်ရွင်ရဆုံးအရာပင်။
ငါစားတာကို လာမနှောင့်ယှက်နဲ့……………
ထိုမိန်းမမှာ ထမင်းစားချိန်နောက်ကျအောင်ပြုလုပ်သည့်လူငယ်အားကြည့်လိုက်ပြီး အကောင်းမမြင်တော့ပေ။
ထိုစကားကိုကြားသောအခါ လူငယ်ကအလွန်မပျော်မရွင်ဖြစ်သွားသည်။
“ငါက နှေးတယ်လို့ထင်ရင် မင်းက ဘာမှမကူပဲ အဲ့ချိန်တုန်းက ဘာလို့ ရပ်ကြည့်နေတာလဲ?”
“ငါက ကူညီရမယ်လား?”
မိန်းမက ဒေါသထွက်လျှက်ရယ်လိုက်၏။