အမ်ဗျူ၏စူးရှစွာအော်မြည်လိုက်သည့်အသံ ထွက်ပေါ်လာ၏။
အသံမှာတုန်ခါလွန်းလှသည့်အတွက် လူများကိုပင် မူးဝေသွားစေသည်။
ဖူအန်သည်လက်တံများအား ခြေထောက်မှဖြေပေးလိုက်ပြီးနောက် ရှောင်အိုက်အားရှေ့သို့တွန်းပို့လိုက်၏။
“နင်ဘာလို့လှဲနေသေးတာလဲ……………မြန်မြန်ပြေးလေ”
“ကျေးဇူး……….ကျေးဇူးတင်ပါတယ်”
ရှောင်အိုက်မှာ အလွန်ကြောက်ရွံ့နေပြီး တုန်လှုပ်နေသောခြေထောက်များနှင့် ရှေ့ဖက်သို့တိုးလာ၏။ သူမမျက်နှာမှာမူ မျက်ရည်များနှင့်အပြည့်ဖြစ်နေသည်။
ဖူအန်က ခြေထောက်အနီးတွင်အပြာရောင်သွေးများစီးကျနေသည့်လက်တံအားကြည့်လိုက်ပြီး တစ်ခဏခန့်တွေးလိုက်ကာ နေရာလွတ်ထဲသို့ထည့်လိုက်၏။
တစ်ယောက်တည်းရှိချိန်တွင် လေ့လာနိုင်သည်လေ….
…………………………………………………………အချိန်အတော်ကြာအောင် သူတို့သွားနေခဲ့ကြသည်။
အောက်သို့ကြည့်ရသည်မှာ သူတို့အနေဖြင့် မီးဖိုချောင်ဧရိယာအတွင်းမှ ထွက်လာနိုင်ခဲ့ပုံပေါ်သည်။
လူစုမှာ မောပန်းစွာဖြင့် လေဝင်လေထွက်ပြွန်၏အပေါက်ဝတွင် ထိုင်ချလိုက်ကြသည်။
သူတို့မှာ ကပ်ဘေးတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ပြီပြောနိုင်လေသည်။
“ခုနက နင်တို့ထဲက ဘယ်သူငါ့ကိုတွန်းလိုက်တာလဲ?”
ရှောင်အိုက်မှာ သူတို့ကိုကြည့်လိုက်ပြီး တရားခံအားမေးလိုက်၏။
တစ်စုံတစ်ယောက်ကသာ တွန်းလှဲခဲ့ပြီးသူမလဲမကျခဲ့လျှင် အမ်ဗျူဖမ်းခံရပြီး သေလုမတတ်ဖြစ်ခဲ့မည်မဟုတ်ပေ။
သူမမေးသည်ကိုကြားသောအခါ ဖူအန်သည်ခေါင်းကိုမော့၍သူတို့အားကြည့်လိုက်၏။
တစ်မိနစ်ခန့်တိတ်ဆိတ်မှုမှာ အုပ်စိုးသွားပြီးနောက် မျက်မှန်နှင့်လူက ငြိမ်ချမ်းရေးလိုလားသူကဲ့သို့ မတ်တပ်ထရပ်လာသည်။