အခန်း (၃၁၀) မွေးမြုခြင်းနှင့်အစားအစာ (၃၆)

136 28 2
                                    



ချပ်……..

ရုတ်တရက် အခန်းမှာလုံးဝပင် မှောင်ကျသွား၏။

အပြင်ဖက်ရှိအမ်ဗျူများမှာလည်း ရုတ်တရက် အလောတကြီးမလှုပ်ရှားကြတော့ပေ။

သူတို့ပုန်းခိုနေသည့်အခန်းမှာ ပါဝါခွဲဝေပေးသည့်အခန်းဖြစ်မှန်းကို မည်သူတွေးနိုင်မည်နည်း။

အဆင့်အတန်းမြင့်သည့်ဂြိုလ်သားဆိုသလိုပင် သူတို့နေသည့်အိမ်၊ သူတို့စားသည့်အစားအစာပုံစံနှင့် ဝတ်ဆင်သည့်အဝတ်အစားများမှာ လူသားများနှင့် အတော်ပင်ဆင်တူလှသည်။
လျှပ်စစ်ထိန်းချုပ်ခန်းသည်ပင် တူညီနေလေသည်။

ဖူအန်က ခလုတ်အားလုံးကိုချလိုက်ကာ အမှောင်ထဲတွင် ဖုရီရှီ၏လက်ကိုကိုင်ပြီး မီးပြန်မလင်းလာခင်တွင် မှတ်သားထားသည့်တံခါးပေါက်ရှိရာဆီသို့ ပြေးထွက်လာခဲ့သည်။

ရုတ်တရက်အမှောင်ကျသွားမှုကြောင့် အမ်ဗျူများ သတိလက်လွတ်ဖြစ်သွားကြသည်။
ဖမ်းမိခံထားရသည့်လူများသည်ပင် ထွက်ပြေးရန်အခွင့်အရေးရသွားကြသည်။

လျှပ်စစ်မီးမှာ လျှင်မြန်စွာဖြင့်ပင် ပြန်လင်းလာသည်။ ထိုအချိန်တွင် ပွဲတော်ခန်းမမှာ ရှုပ်ထွေးနေပြီး မူလက အဖမ်းခံထားရသည့်လူများမှာလည်း ထွက်ပြေးလွတ်မြောက်သွားကြသည်။

ဒေါသထွက်နေကြသည့်အမ်ဗျူများမှာ တရားခံ ၂ ယောက်ဆီသို့ ပြေးလိုက်ကြတော့သညိ။

များပြားလှသည့်ပုရွက်ဆိတ်များသည်ပင် ဆင်ကိုသတ်နိုင်သည်။ အမ်ဗျူဆိုလျှင် ပြောနေစရာပင်မလိုတော့။
ဖုရီရှီမှာ မည်မျှသန်မာသည်ဖြစ်စေ၊ ဖူအန်က မည်မျှပင်ကူညီပေးသည်ဖြစ်စေ သူတို့၏စွမ်းရည်များမှာ အကန့်အသတ်ရှိလေသည်။

သူတို့မှာ လမ်းတစ်လျှောက်လုံး ခုခံရင်း ဆုတ်ခွာရင်းဖြင့် မီးဖိုချောင်ရှိရာဆီသို့ ပြန်ရောက်လာကြသည်။
ရုတ်တရက် ဖူအန်နေရာတစ်ခုကို သတိရသွားသည်။

သူ့ရှေ့မှလက်တံအား မီးဖိုချောင်ဓားဖြင့် ပိုင်းလိုက်ပြီး ဖူအန်က ဖုရီရှီအား မီးဖိုချောင်၏ ဆေးကြောသည့်ကန်ရှိရာဆီသို့ ဆွဲခေါ်လာခဲ့သည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now