အမ်ဗျူ ၃ ကောင်လုံးမှာ အသတ်ခံလိုက်ရသည်။
ဖူအန်၏ပုခုံးမှာ ရုတ်တရက်နိမ့်ကျသွားသည်။ ဖုရီရှီက သူမပုခုံးပေါ်သို့လက်တင်လိုက်ခြင်းပင်။
“အမြန်သွား”
ဖုရီရှီ၏ခန္ဓာကိုယ်ခွန်အားမှာ အဆုံးစွန်သို့ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် အချိန်ရှိချိန်တွင် သူတို့ ၂ ယောက် ဤနေရာမှ အမြန်ထွက်ခွာလိုက်ကြသည်။
ဖူအန်မှာ သူ့ကိုထောက်ပေးရင်း တစ်လမ်းလုံးပြေးထွက်လာခဲ့ပြီး နောက်ဆုံးတွင် သင့်တော်သည့်နေရာတစ်ခုအားတွေ့လိုက်ကာ ဖုရီရှီအား အမိုးပေါ်သို့တက်စေလိုက်သည်။
………………………………………………………..ဖုရီရှီ၏ပုခုံးမှဒဏ်ရာမှာ သွေးယိုစီးနေသည်။
ထိုသည်ကိုမြင်သောအခါ ဖူအန်က လျှင်မြန်စွာဖြင့်သူ့အင်္ကျီကိုဖြုတ်လိုက်ပြီး သန့်ရှင်းသည့်လိုက်ကာစဖြင့် ဒဏ်ရာအားပတ်တီးစည်းလိုက်သည်။ဖုရီရှီမှာ သူ့ရင်ဖက်ထဲသို့ တိုးဝင်နေသည့်ဖူအန်အားကြည့်၍မေးလိုက်၏။
“ရေရှိသေးလား?”
“အင်း”
ဖူအန်ခေါင်းညိတ်လိုက်ပြီး လက်ညိုးနှစ်ချောင်း ထောင်လိုက်ကာ ဖုရီရှီ၏ပါးစပ်အနီးသို့ရွေ့လိုက်၏။
“အစ်ကိုဖု…………ပါးစပ်ဖွင့်”
ဖုရီရှီ၏နှုတ်ခမ်းမှာ အနည်းငယ်ပွင့်သွားသည်။ ဖူအန်၏လက်ညိုးမှ ကြည်လင်နေသည့်ရေများစီးကျလာသည်ကိုကြည့်ပြီး အနည်းငယ်သောက်လိုက်ပြီးနောက်……….
“ဒါကမင်းရဲ့ စွမ်းရည်အသစ်လား?”
“အင်း….”
ဖူအန်ခေါင်းညိတ်လိုက်၏။
“ဒီတစ်လှည့်ဂိမ်းက ဘာပစ္စည်းမှ ထည့်သိမ်းလို့မရဘူး………….အဲ့တာကြောင့် ဒီလိုပစ္စည်းတွေ စုလို့ရတဲ့နည်းလမ်းကို ကျွန်မနားလည်ခဲ့တာ……………
ဒါကမမိုက်လွန်းဘူးလား?.........
မှော်ပညာလိုပဲလေနော်……….”“ဘာမှမမိုက်ဘူး………ဘုံပိုင်ခေါင်းတစ်ခုလိုပဲ”