“စမ်းကြည့်မယ်”
ဖူအန်ကပြောလိုက်ရင်း အမ်ဗျူ၏ဝတ်ရုံအားချွတ်လိုက်ပြီး သူမကိုယ်ပေါ်သို့ခြုံလိုက်ကာ ဖုရီရှီအား စိတ်အားထက်သန်စွာဖြင့်ကြည့်လိုက်၏။
“အစ်ကိုဖု………..လာလေ”
အစ်ကိုဖု၏တော်ဝင်ဆန်ပြီးစွဲမက်ဖွယ်ကောင်းလှသည့်အမူအရာအရ သူလုံးဝကိုမလာချင်သည်ကို မြင်နိုင်ပေသည်။
“တကယ်တော့ ကျွန်မရှင့်ကိုသယ်ချင်ပါတယ်………..ဒါပေမယ့်ထမ်းလို့မနိုင်လို့ပါ”
ဖူအန်က အကြောင်းပြချက်ကိုနားလည်ပေသည်။ ထို့ကြောင့် ခံစားချက်အကွက်အား သုံးလိုက်၏။
“အမြန်လာပါ…….အစ်ကိုဖု………
ဒီအဆင့်ကို ဖြတ်ကျော်ရအောင်လေနော်”ဖုရီရှီ……” “
မိနစ်ဝက်ခန့်ကြာပြီးနောက် ဖူအန်မှာအောင်မြင်စွာဖြင့် ပါးပါးဖုပေါ်သို့တက်နိုင်လိုက်သည်။
သူမက အမ်ဗျူ၏ဝတ်ရုံရှည်အား အပေါ်မှခြုံလိုက်ကာ ခေါင်းနှင့်သူမမျက်နှာအောက်ပိုင်းကိုပါ ကာလိုက်၏။
မှန်ကဲ့သို့ပြန်မြင်နိုင်သောနေရာရှေ့တွင်ရပ်ရင်းကြည့်လိုက်၏။
“အစ်ကိုဖု………….ကျွန်မတို့အဆင်ပြေမယ်ထင်လား?”
ဖူအန်က ဝတ်ရုံကိုအောက်သို့ချလိုက်ပြီး ဖုရီရှီအားကာလိုက်၏။
“ရှင်အပြင်ဖက်ကိုမြင်ရလား?........... ကျွန်မရဲ့ညွှန်ကြားချက်အတိုင်း သေသေချာချာလေး ပူးပေါင်းလှုပ်ရှားကြတာပေါ့………….”
ဤသို့ဖြင့် ၂ ယောက်သားအခန်းထဲမှ နှေးကွေးစွာထွက်လာခဲ့ကြသည်။
၁.၉ မီတာရှည်သောလူတစ်ယောက်……..
ဖူအန်မှာ သူ့ပုခုံးပေါ်တွင်ထိုင်နေသည်။ သူတို့၏အရပ်မှာ ပုံမှန်အမ်ဗျူတစ်ယောက်၏အရပ်နှင့်တူညီလုနီးပါးပင်။
အခြားအမ်ဗျူများမှာ အပေါ်သို့တက်နေကြသော်လည်း သူတို့မှာ အောက်ဆင်းလာသည်။
ဖူအန်သည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ထွက်သွားရန်အခွင့်အရေးကို ရှာဖွေနေသည်။