၆ ထပ်မြောက်………
တိတ်ဆိတ်နေသည့်စာကြည့်ခန်းထဲဝယ်…….
ဖုရီရှီသည် လုပ်ငန်းကိစ္စများဆောင်ရွက်နေချိန်တွင် ဖူအန်မှာ ဆိုဖာပေါ်တွင်လှဲ၍ဖုန်းသုံးနေလေသည်။
မဝင်ရသည်မှာကြာနေပြီဖြစ်သည့်ဖိုရမ်အားဖွင့်လိုက်၏။
ပထမဆုံး အရန်ကိုယ်စားလှယ်ကစားသမားများအရေအတွက်ကို ကြည့်လိုက်၏။အနီရောင်ဂဏာန်းများမှာ လျော့ကျလာနေဆဲဖြစ်သော်လည်း လျော့ကျသည့်နှုန်းမှာ အတော်နှေးကွေးသွားသည်။
ယခုအချိန်တွင် အရန်ကိုယ်စားလှယ်ကစားသမားများ၏အရေအတွက် ၂၀၀၀ ကျော်သာကျန်တော့လေသည်။ ယခင်က ၄၀၀၀ ကျော်၊ ၅၀၀၀ ခန့်ရှိခဲ့ခြင်းပင်။
ထိုနေရာတွင် ရမှတ်များဖြင့် အဆင့်စီထားသေးသည်။
ပထမအဆင့်မှာ ရမှတ် ၁၀၀၀ နီးပါးရှိပြီး ဒုတိယနေရာမှာ ပထမနေရာထက် ရမှတ် ၃၀၀ ခန့်လျော့နည်းနေသည်။
အဆင့်များအား အောက်သို့ဆင်းကြည့်လိုက်သောအခါ ရမှတ် ၂၀၀ ကျော်သောကစားသမားများမှာ အယောက် ၁၀၀ ကျော်ခန့်ရှိနေပြီကို တွေ့လိုက်ရသည်။
ဂိမ်းအဆင့်မြှင့်ပြီးသည်မှ ယခုအချိန်ထိဆိုလျှင် ကစားသမားများမှာ ဂိမ်း ၄ ပွဲကစားဖူးကြပြီဖြစ်သည်။
ဤသို့ ထိုးတက်လာသည့်ရမှတ်များမှာ မည်သည့်နေရာမှလာမည်မှန်း မေးနေစရာပင် မလိုတော့ပေ။ဤအချက်က အချစ်မြို့တွင် အရန်ကိုယ်စားလှယ်များအား တမင်တကာအမဲလိုက်သည့် ရီချန်ဖေးကို သတိရသွားစေသည်။
ဒီအရူးအကြောင်းတွေးလိုက်ရင် ငါချက်ချင်းလေ့ကျင့်ချင်လာတယ်………..
သို့သော်လည်း ထိုစိတ်မှာ ကြာကြာမခံလိုက်ပေ။ အခြားလူများဂိမ်း ၂ ပွဲကို မည်သို့ဖြတ်သန်းခဲ့ကြသည်ကို အရင်ဆုံးကြည့်လိုက်၏။
ငါဒီကိုမဝင်တာ လဝက်လောက်ရှိနေပြီ………….
ဖိုရမ်ကတော့တူတူပဲဆိုပေမယ့် ပို့စ်အကြောင်းအရာတွေကတော့ အရင်ကနဲ့လုံးဝကွဲပြားနေပြီပဲ……….ဂိမ်းအဆင့်တွေကို ကျော်ဖြတ်ခဲ့တဲ့အတွေ့အကြုံကိုရှယ်ပေးတဲ့ပို့စ်တွေမရှိတော့ပဲ ဆဲဆိုနေတဲ့ပို့စ်တွေပဲ များနေတော့တာပဲ………