အခန်း (၂၉၆) မွေးမြုခြင်းနှင့်အစားအစာ (၂၁)

171 31 0
                                    


နောက်ဆုံးတွင် သူတို့မြေပေါ်သို့ခြေချနိုင်ခဲ့သည်။

လုံးဝကိုအဖြုတောက်တောက်ဖြစ်နေသောအဆောက်အဦကြီးသည် ယခင်နေရာထက် ၂ ဆခန့်ကျယ်ဝန်းလှသည်။

အနောက်ဥရောပဗိသုကာလက်ရာပုံစံမျိုးဖြင့် အဆောက်အဦအား တည်ဆောက်ထားသည်။

တံခါးတွင် အမ်ဗျူအများအပြား မတ်တပ်ရပ်၍ စောင့်နေကြသည်။
ဘေးတွင်ရှိနေသည့်အန်ပီစီများမှာ သူတို့၏ ‘နတ်ဘုရား’များကိုမြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

သို့သော်လည်း မကြာမှီမှာပင် စက်ရုပ်များထံပြန်၍ အဖမ်းခံလိုက်ကြရသည်။ ဖြတ်သန်းသွားသောအမ်ဗျူများမှာ သူတို့ကိုလှည့်ပင်မကြည့်ကြချေ။

သူတို့မှာ မြေညီထပ်ရှိအခန်းတစ်ခန်းဆီသို့ ပစ်ထည့်ခံလိုက်ကြရသည်။

ကလစ်…………..

သော့ပိတ်လိုက်သည့်အသံထွက်ပေါ်လာပြီး အခန်းသော့ပိတ်ခံလိုက်ရသည်။

ဤအခန်းသည်လည်း လုံးဝပင် အဖြုရောင်ဖြစ်နေသည်။
အထဲတွင်ပြောင်ရှင်းနေကာ ပြတင်းပေါက်မရှိပေ။

ဖူအန်က အပေါ်သို့မော့ကြည့်လိုက်၏။

မျက်နှာကြက်မှာ အလွန်မြင့်လှပြီး သူမခေါင်းပေါ်မှအနည်းဆုံးမီတာ ၂ မီတာ၊ ၃ မီတာခန့်အမြင့်ရှိသည်။

“ဟေး……………ဒီမွန်းစတားတွေက ငါတို့ကိုဘာလို့ ဒီနေရာကိုခေါ်လာတာလဲ?”

ကစားသမားတစ်ယောက်က အန်ပီစီအားမေးလိုက်၏။

ဤတစ်လှည့်ဂိမ်းရှိအန်ပီစီများနှင့်ကစားသမားများမှာ အလွန်ကွာခြားလွန်းလှသည်။ လူတိုင်းအနေဖြင့် လွယ်လွယ်ကူကူမြင်နိုင်သည်ဟု မပြောနိုင်သော်လည်း သိသာသည့်အန်ပီစီများကိုမူ သိနိုင်လေသည်။

“အမ်ဗျူတွေကို မွန်းစတားတွေလို့ မင်းတို့ဘယ်လိုတောင်ပြောရဲရတာလဲ”

အန်ပီစီမှာ ကစားသမားအားကြည့်လိုက်ပြီး ဒေါသတကြီးပြန်ပြောလိုက်သည်။

ဒါဆိုရင်တော့ ကစားသမားတွေဆီက အရိုက်ခံရပြီးမှ မင်းရိုးသားတော့မယ်ထင်တယ်………

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now