ငါတို့ဟာ စိုးရိမ်ကြရတယ် ..
ငါတို့ဟာသေမယ့်ရက်ကနေနောက်ပြန်လျှောက်ရင်း မတော်တဆသေမင်းရဲ့ရင်ခွင်နဲ့ပက်ပင်းတိုးသလိုပဲ...ငါမင်းကိုသိတာပေါ့...
မင်းကငြိမ်နေတတ်တဲ့ကလေးတစ်ယောက်ပဲ
အချိန်တွေပြောင်းလို့မင်းပြောင်းလဲချင်မှပြောင်းမယ်...
မင်းက ကလေးငယ်လေးဖြစ်နေတုန်းပါပဲ...
သည်စာဟာတမလွန်ဆီရောက်သွားပြီဖြစ်တဲ့မင်းအတွက်ကိုရည်စူးထားတာပါ ...
မင်းဘယ်လိုသေခဲ့လဲကိုယ်ခုထိမသိရသေးပေမယ့်
မင်းအတွက်ဝမ်းနည်းပေးပြီးအောက်မေ့လွမ်ဆွတ်ပေးမယ့်သူတစ်ယောက် အသက်ရှင်စဉ်မှာရှိနေခဲ့ပါတယ်...
ငါပါပဲ...ဒေလီယာ...
တနည်းအားဖြင့်အသက်ရှင်နေသေးတဲ့ဒေလီယာရယ်ပါ ...
အို...သေဆုံးသွားပြီဖြစ်တဲ့ ဒေလီယာငယ်
မင်းဟာဘယ်လိုအသေဆိုးမျိုးဘေးကြုံခဲရလေသလဲ...
အို ...မနာကျင်တော့မယ့်ဒေလီယာငယ်...
ကိုယ်မင်းကိုအများကြီးအားကျလျက်ရှိပါတယ်..
တစ်ဖက်ကမ္ဘာမှာအဆင်ပြေနေရင် ကိုယ့်ကိုအချက်ပြလှည့်ပါ ...
ကိုယ်မင်းနဲ့တွေ့ချင်လွန်းလှပါပြီ:-)
စည်းစပ်ကြားနယ်မြေမှာအမှတ်မထင်တွေ့တဲ့အခါ
ဆည်းဆာရောင်အောက်မှာ ပြုံးရင်းနှုတ်ဆက်ရအောင်ပါ ....ကိုယ်နဲ့တွေ့ပြီးကိုယ့်ဆီကနာကျင်ခြင်းတွေတစ်ဝက်ခွဲယူစမ်းပါ ...
ကိုယ်တို့ဟာနှင်းဆီတွေမဟုတ်တဲ့အလျောက် ချောင်တချောင်မှာနေခဲ့ကြတဲ့သူတွေပါ...
နှင်းဆီနီတွေသူတို့လက်ထဲတနင့်တပိုးပြည့်သွားတဲ့အခါ ...ဒေလီယာငယ် ..
ကိုယ်မင်းကိုလာတွေ့လှည့်မယ် ...
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ