မင်း ကို တွေ့ ဖြစ် ရင် လေ ဒေလီယာ
ငါ တစ် သက် မင်း လက် ကို မလွတ်တော့ဘူး ။
ငါ အများကြီးကို စွန့်လွှတ်ခဲ့ရပြီးပြီ
အများကြီးကိုဝေခွဲပေးခဲ့ရပြီးပြီ
.ဒီတစ်ခါတော့ မင်းကိုတွေ့ရင်လေတစ်သက်လုံးစာအတွက် တစ်ကိုယ်ကောင်းဆန်ပြီး
မင်းကိုပဲဖက်ထားတော့မယ်။
ငါ အများကြီး နေမကောင်းဘူး ဒေလီယာ
ငါ မင်း ကိုတွေ့ချင်မိတယ်
မင်းရော မကြွေလွင့်ခင် သည်လိုများ နာကျင်ခဲ့ရလေမလားလို့ အားနာမိပါရဲ့
တစ်ယောက်တည်းသွားရတဲ့ခရီးရှည်ကြီးကို မင်းတစ်ယောက်တည်းလျှောက်သွားတာ သိပ်များကြောက်ခဲ့လေမလား
မိုးရေလေးတွေကခုန်တာ တူတူကြည့်ကြမယ်
စကားတွေလည်းအများကြီးပြောကြမယ်
လသာတဲ့ညတွေမှာ လေပြေတွေကိုတူတူခံစားကြည့်ကြမယ်....
အများကြီး...တစ်သက်စာအတွက်အများကြီး...
မင်းကိုအားနာရပြီး အဖော်ပြုပေးချင်သေးတယ်
ဒေလီယာ...။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ