ဘာမှလည်းထွေထွေထူးထူးမလုပ်ဖြစ်တဲ့နေ့တွေမှာတောင် ငယ်စဉ်ကလို လသာတဲ့ည ရောက်အောက်ပြေးလွှားဆော့ကစားခဲ့သလိုမျိုး....
လူကြီးတချို့စုဝေးပြီးစကားစမြည်ပြောနေကြတဲ့အထဲ နားမလည်လည်း မယောင်မလည်ဝင်ရပ်နေတာမျိုး...
ငြိမ်ငြိမ်သက်သက်လေးထိုင်ပြီး လမင်းကြီး ဘယ်လောက်ဝိုင်းကြောင်း... အာကာသယာဉ်တွေအကြောင်း
ကြယ်တွေနဲ့ဂြိုဟ်တုတွေအကြောင်း ရောက်တတ်ရာရာတွေးတာမျိုး.....မကြီးသလို မငယ်တော့တဲ့အသက်အရွယ်မှာ ဘယ်အရာတွေကများ အလုပ်ရှုပ်နေစေခဲ့လို့ ရှိးရှင်းပေမယ့် အဓိပ္ပာယ် ရှိသေးတဲ့ဘဝတွေက ပြောင်းလဲသွားပါလိမ့်နော်
တစ်နေ့နေလို့ စကားဆယ်ခွန်းပြောရင် စစ်မှန်ပြီးလွတ်လပ်တဲ့ စကားမျိုးတစ်ခွန်းတစ်လေတောင်မပါတော့
Screenကျဉ်းကျဉ်းထဲက အကြောင်းအရာ ငိုရ ရယ်ရ အစုံက လူစုံတက်စုံကြည့်ခဲ့ရဖူးတဲ့ တစ်နာရီစာပြောပြီး ကြော်ငြာ ၁၅ မိနစ်စာပြတဲ့ဇာတ်လမ်းအပိုင်းတိုလေးလောက်ပျော်စရာမကောင်းသလို ဆွေးနွေးစရာမဆုံ... မျှော်လင့်စရာလည်းမရှိတဲ့ရည်းစားနဲ့ပြတ်တဲ့အကြောင်းတွေ... လူတွေတစ်ဖက်စောင်းနင်းငိုချင်းချတဲ့ဇာတ်တွေနဲ့ သွားမယ်စားမယ်.. သေမှုသေခင်း.... အင်း...ငယ်ငယ်တုန်းကသေမတတ်လိုချင်လောက်မယ်ထင်တဲ့အရာတွေက တကယ်လည်းဘာမှမဟုတ်တော့သလို....
လက်လွှတ်လိုက်ရတဲ့ အဖိုးတန်နေ့လေးတွေကိုနှမြောတသ...
အိပ်မက်တွေက သည်လိုပဲဖြစ်သွားမှာကိုလည်းကြောက်ရွံပြီးမလိုချင်ဘူး...
ခပ်ဝေးဝေးကကြည့်ရတဲ့ အာတာပူစီက ဂွမ်းလိုဖောက်းဖောင်းအိအိလေးဖြစ်ပြီး... တကယ်တမ်းစားကြည့်မှ ဆေးသကြားတွေနဲ့ခါးသလို ပါးစပ်ထဲလည်း မကျန်တဲ့ လက်မှာပဲစေးကပ်စေတဲ့အမျှင်တွေဖြစ်သွားသလိုမျိုး....
တချိန်လုံးဖမ်းဆုပ်ဖို့ကြိုးစားနေတဲ့အိပ်မက်တွေဟာ တကယ်ရော ရရင်ပျော်ရမယ့်အရာတွေပါလား
တိုက်နဲ့အိမ်နဲ့ စားစရာ နေစရာ အလုပ်အကိုင်အပူအပင်မရှိဘဲနေနိုင်ခြင်းကရော ပျော်စရာဖြစ်မှာလား...
ဘယ်တော့မှ အရောင်မလွင့်သွားတဲ့အိပ်မက်လေးတော့ရှိတယ်...
မြက်ခင်းစိမ်းစိမ်းနဲ့ကောင်းကင်ပြာပြာလေးကြားက
သစ်သားနံ့မွှေးတဲ့ အိမ်တစ်အိမ်နဲ့ နွေးထွေးပြီးဆူညံနေတဲ့ မနက်ခင်း...ပူပူနွေးနွေးမနက်စာနဲ့ ရယ်သံတွေနဲ့သက်တောင့်သက်သာရှိတဲ့ညစာ.. အပူအပင်သောကကင်းတယ်လည်းမဟုတ်တဲ့ အတူရင်ဆိုင်ပေးမယ့်သူရှိတယ်ဆိုတဲ့သတ္တိနဲ့စိတ်ချရမှု
.ငယ်ငယ်တုန်းကလိုများ.....
တခါတုန်းကပိုင်ဆိုင်ခဲ့ဖူးပြီးသား...ငယ်ငယ်တုန်းက
နေ့ရက်တစ်ရက်လေးလိုများ ....Everything changed
There goes my heart too
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ