စည်းမရှိကမ်းမရှိညနေထိုင်ခြင်းက အဲ့ကစတာပဲ
စာကောင်းတစ်ပုဒ်ဖြစ်လာအောင်အားထုတ်ချင်ပေမယ့် ခံစားချက်ဆိုတာ မရှိတာမျိုးဖြစ်နေသလိုပေါ့
တကယ်တော့ ငါ့မှာ မင်းကလွဲရင် ဘာမှမရှိတော့သည်အထိ ရုတ်တရက် လမ်းတစ်ဝက်မှာ ငါ လိုက်နေကျ နောက်ကျောပြင်လေး ဖြတ်ကနဲ ပျောက်သွားသလိုမျိုး
ပတ်ဝန်းကျင်ကိုသတိရလို့လှည့်ကြည့်တဲ့အခါ ဘာဆိုဘာမှမရှိတော့သလိုမျိုး...
သည့်အပြင် ငါ့အရှေ့က မရင်းနှီးတဲ့မင်းပါ ပျောက်သွားသလိုမျိုး
ဆိုင်ရာမဲ့တဲ့တိမ်တွေလို မြေပြင်နဲ့လည်းမရင်းနှီး ကောင်းကင်ဆီမှာလာရစ်မြောရင်း အချိန်တန်တော့ မိုးမည်းတွေအဖြစ်ရွာသွန်းလိုက်ရသလိုပဲ
ငါမရှိခြင်းက ပဲ မင်းရဲ့အေးချမ်းခြင်းဖြစ်လေမလား
ဒါမှမဟုတ် မင်းက ငါမရှိလည်း ပူလောင်နေဦးမှာပဲလား
ငါကရော ဘာလဲ...ဘယ်ကိုသွားမို့လဲ
ငါတို့က တွေ့ဖို့ကံပါလား..
ရွေးချြယ်စရာတွေများလွန်းတဲ့အခါ ဘာကိုမှမရွေးခြယ်တော့ပါဘူးတဲ့... လူတွေက
အဲ့တာထက်စာ မင်းရဲ့နောက်ကျောပြင်လေးကိုပဲကြည့်ပြီးလိုက်တဲ့အခါ ရေရာတဲ့လမ်းတစ်ခုလိုပဲ...
ရုတ်တရက်တွန်းထုတ်ခွဲထွက်ရတဲ့အခါ... ငါက မိုးမည်းကြီးလိုဖြစ်သွားမှာလား....
ဦးတည်ရာမဲ့လွင့်မျောသွားရင်းလေ....
ဖြေပါ...တိမ်ငယ်....
မင်းကရော ဘယ်သွားမလို့လဲ....
ဘာကိစ္စ ငါ့အရှေ့မှာအမြဲရှိနေခဲ့ရသလဲ
ငါ့ကိုဘာလို့ လှည့်မကြည့်ခဲ့သလဲ ဆိုတာရောပေါ့။
ခင်ဗျားသာလှည့်ကြည့်ခဲ့ရင်...
ကျွန်တော်သာ ခင်ဗျားကြားအောင် အော်ခေါ်နိုင်ခဲ့ရင်
လှမ်းပွေ့ခဲ့ရင်ဖြစ်ဖြစ်....
အဲ့အခါကျ ကျွန်တော်တို့နှစ်ယောက်ဟာ တွေ့ဆုံဖို့
ဆိုတဲ့အကြာင်းတရားတစ်ခုရှိလာမယ်မဟုတ်လား...ခုတော့...ခင်ဗျားရာ....။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ