ကျွန်တော် ပြောနေကျ ဖယောင်းတိုင်လေးကို သည်နေ့ထွန်းထားတယ် ဒေလီယာ
ညလေတွေက အေးပြီး ပြင်းတယ်
ဖယောင်းတွေခဏလေးနဲ့အရည်ပျော်တော့တာပဲ
ကျွန်တော်က မျှော်လင့်ချက်မရှိတဲ့ အမှောင်ထဲက ဖယောင်းတိုင်ဆို
ခင်ဗျားက မီးလာညှိခဲ့တဲ့သူများလား
လေပြင်းတွေက ခင်ဗျားအပေါင်းအပါတွေပေါ့ခင်ဗျားကတော့ အမှောင်ထဲ လမ်းပျောက်တဲ့အချိန် ကျွန်တော့်ကိုတွေ့တော့ပျော်သွားတာပေါ့
ကျွန်တော့်ကိုမှ ထွန်းညှိပြီး လမ်းပျောက်တွေရှာသလိုလေပြင်းပြင်းနဲ့တွေ့တဲ့အခါညကျွန်တော် သည်းသည်းထန်ထန် ငိုရတော့တာပေါ့
မီးစာလည်းငြိမ်းချိန် ခင်ဗျားလည်း
ခင်ဗျားပျော်နေကြဖြစ်တဲ့နေရာဆီ လေပြေလေးတွေနဲ့ပြန်ရောက်မယ်လို့ထင်ပါတယ်....။ခင်ဗျားသိလား...ခုဆို အမှောင်ထဲမှာ.. ဖယောင်းတိုင်လေးမရှိတော့ဘူး...။
ကျွန်တော့်ရဲ့တည်ရှိမှုအတွက် ကျေးဇူးတင်ပြီး
ကျွန်တော်ပျောက်ကွယ်သွားခြင်းမှာ ဝမ်းနည်းကြောင်းအထိမ်းအမှတ်လေးများရှိခဲ့ရဲ့လား...။ကျွန်တော့်မှာတော့ ထိတ်လန့်ပြီး..နာကျင်ရင်း ....
အမှောင်တွေရဲ့အဆုံး...အလင်းကိုမြင်ရခါနီးမှ
.
ကျွန်တော်လေ...ဒေလီယာရယ်....။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ