ကိုယ် ဒီနွေကိုကျော်ပါ့မလား စိုးရိမ်မိတယ် ကလေးငယ်...
တကယ်ဆို ဘဝက ခဏလေးလိုပဲ
သတင်းစာထဲ မျက်စိလွှဲမြင်ဖူးတဲ့ ကွယ်လွန်သူ ဘယ်သူ အသက် ငယ်ငယ်လေးတွေလိုက်ဖတ်ရင်း သူတို့ဟာ ဘယ်လိုကံနဲ့များ ငယ်ငယ်ရွယ်ရွယ် ကြွေလွင့်သလဲ ကိုယ်တခါတလေ တွေးဖူးတယ်ကိုယ်အရုပ်အကြီးကြီးကိုပိုက်ထားဖူးချင်သေးတယ်
အရသာရှိတဲ့ချောကလက်တွေ လမ်းကြုံလို့ပေးတာလည်းရဖူးချင်တယ်နှင်းကျတာကိုကြုံဖူးချင်လို
ဆာကူရာတွေနဲ့အတူ နွေကိုလည်းကြိုချင်သေးတာ
အိပ်မက်တွေကသေးမလိုနဲ့ဝေးသားနော်စာရွက်ပေါ် မှင်စက်ရာတောင်မထင်ဘဲဘဝတွေကနိဂုံးချုပ်တတ်သေးရဲ့
ချိုချိုအီအီ ရနံ့လေးနဲ့မင်းကိုပွေ့ဖက်ကြိုချင်သေးတာ
ဒီအိပ်မက်တွေလည်း လက်လွှတ်ရမယ့်အထဲပါပြီထင်ပါရဲ့
ဘဝအတွက်လိုအပ်မယ့်အရာတွေပဲထုပ်ပိုးပြီးထွက်သွားပါတဲ့...
နောင်တတွေတော့နည်းနိုင်သမျှနည်းစေပေါ့တဲ့
ဒေလီယာ...မင်းတော့ငါ့ကိုစောင့်နေပြီထင်ပါရဲ့
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ