ဒီနေ့ကတော့ခပ်ဆိုးဆိုးပါပဲ ဒေလီယာ
ကိုယ် အန်ပြန်ပြီ...
ဒီနေ့ကတော့တော်တော်ဆိုးဆိုးရယ်မို့ ကိုယ်ခုတော့လှဲအိပ်ချရင်း ဒေလီယာဆီမပြောမဖြစ်ပေါ့
အတိတ်မေ့တဲ့တံတားတို့ ဆေးရည်တို့ ဒဏ္ဍာရီလာ ပူံပြင်တွေအတိုင်း ကျွန်တော်သာ ခင်ဗျားကိုတွေ့ချိန်အတိတ်မေ့နေမယ်ဆို ကျွန်တော်ပြောပြချင်တဲ့စကားတွေ မင်းဆီမရောက်တော့မှာစိုးတယ်
ကိုယ် ကျွန်တော် မင်း ခင်ဗျား
ခု ကျွန်တော် နာမည်တပ်ဖို့ စကားလုံးတွေရောထွေးကုန်တယ်ဒေလီယာ သိမယ်ထင်တယ်
ကျွန်တေယ်ကခုမှထပြီးထူးထူးဆန်းဆန်းရယ်လို့မေမကောင်းတာမဟုတ်ဘဲ ကြာခဲ့ပြီဆိုတာ။သူ့ကိုတော့ကျန်းမာရေးကိုဂရုစိုက်ဖို့လူကြုံနဲ့စကားပါးချင်ပေမယ့် မဖြစ်နိုင်တော့တဲအိပ်မက်သေးသေးလေးပါပဲ ဒါလည်း....။
ခင်ဗျားလက်ထဲမရောက်မီကတင် အတော်အသင့်ပျက်စီးနေပြီးတဲ့ အရုပ်ကလေးတစ်ရုပ်ရှိတာပေါ့
ခင်ဗျားနားမှာ အရောင်စုံ အရုပ်လှလှလေးတွေအများကြီးရှိမှာပဲထင်တယ်နော်
.
ကျန်းကျန်းမာမာနဲ့ အပြုံးလေးတွေက ကြွေရုပ်လေးတွေအသက်ဝင်သလိုနေမှာပဲဒီလိုအရာက အစောကတည်းကဒီနေရာမှာပဲ ဒီတိုင်းပဲပေါ့ ခင်ဗျားရယ်
.ဒေလီယာ မိုးတွေရွာလာပေမယ့် ကိုယ်တော့အလူးအလိမ့်ပဲခံရခက်တယ်...အဲ့တာတွေကအရှည်ကြာကြီးကြာနေတဲ့ဒဏ်ရာတွေလိုပဲ
.အိပ်ပျော်သွားတဲ့အခါ ထာဝရသက်သာသွားတော့တာ။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ