ဘ၀မှာ ဟာလာဟင်းလင်းကြီးလိုလွတ်ထွက်နေတဲ့ခံစားချက်ကြီးကိုလူတိုင်းခံစားဖူးကြပါတယ်
ကလေးငယ် ...ရုတ်တရက်ကြီး ဘ၀ကဘာအဓိပ္ပါယ်မှမရှိတော့သလိုမျိုး အများအမြင်မှာ
အကုန်လုံးပြည့်စုံနေရက်နဲ့တောင် ကိုယ်က'ပြည့်စုံခြင်း´ဆိုတဲ့အရသာကိုနည်းနည်းလေးမှမခံစားမိတာမျိုးပေါ့ ...ကိုယ့်ဘ၀အတွက် အဓိပ္ပါယ် ရှိမယ့်အရာတစ်ခုကိုရှာနေတယ် ...ဒါပေမယ့်ဘာကိုရှာနေရမှန်းမသိ အနာဂတ်ကမနက်ဖြန်လိုလို သဘက်ခါလိုလို...
ကိုယ့်ဘာကိုယ်ပျောက်ဆုံးရတဲ့နေ့ရက်တွေကိုအနည်းနဲ့အများဆိုသလိုကြုံဖူးကြတာပါပဲဒါပေမယ့်ဒါတွေကရှည်ကြာလာရင်မကောင်းဘူး
ဒါကြောင့်ပဲ လူသဘာဝအရ ပျော်စရာရွှင်စရာကိုရှာတယ် ..သူငယ်ချင်းတွေနဲ့စုပြီးလည်ကြပတ်ကြ စားသောက်ကြတယ် ....ဒီလိုမျိုးပေါ့"အဲ့တုန်းကမပြောဖြစ်ဘဲနေခဲ့တာပါ ..ဒါကြောင့်ခုပြောပြဖြစ်တယ် ....i was miserable back then,အဲ့အချိန်တွေကတည်းက လစ်ဟာမှုကိုခံစားနေရတယ် "
အရိုးသားဆုံးအပွင့်လင်းဆုံးပြောပြပေးတဲ့မင်းကိုကျေးဇူးတင်တယ် ...
ဒါကြောင့်ကိုယ်လည်း အရိုးသားဆုံးအပွင့်လင်းဆုံးမင်းကိုပြောပြချင်တယ်ကိုယ်မင်းမျက်လုံးတွေ ပုံသေဖြစ်နေတာကိုတွေ့နေခဲ့တာကြာပါပြီ...
အေးစက်စက်နဲ့မျှော်လင့်ချက်မဲ့နေတဲ့လူတစ်ယောက်လို..
ကိုယ်သိပ်ရင်းနှီးတဲ့လူတစ်ယောက်ရဲ့မျက်လုံးနဲ့ခပ်ဆင်ဆင်ပါပဲ...သူကဒေလီယာငယ်လို့ခေါ်တယ်
မင်းကပြောင်းလဲတတ်ဖို့ရွေးတယ်...
သူမကတော့သည်တိုင်းလေးပဲဆက်နေသွားမယ်လို့ပြောတယ်....ကိုယ်မှားခဲ့တာတစ်ခုရှိတယ်...
မင်းကိုအမြဲတမ်း"အလင်းထဲကလူ "လို့သတ်မှတ်ခဲ့တာ....မထင်မှတ်ဘဲမင်းကကိုယ့်လိုအမှောင်ထဲကလမ်းပျောက်တဲ့
တစ်ယောက်ဖြစ်နေတာပဲ...အမှောင်ထဲကအကြောင်းအရာတွေကို အရိပ်ဆိုတာဘာလဲတောင်သေချာမသိတဲ့သူတို့နားမလည်ပါဘူး...
ကိုယ်ကမင်းကိုမြှင့်တင်ပေးမှာပေါ့...ကလေးငယ်ရယ်...အမှောင်တွေကိုကြောက်ရင်
အေးစက်တယ်လို့ခံစားရရင်
ကိုယ်ကမင်းကိုကုစားပေးပြီး
မင်းရဲ့နေရာမှန်ပြန်ရောက်အောင်ပို့ပေးမှာပေါ့အချစ်ရယ် ....မင်းသာ မနှစ်သက်ရင်....
ဘယ်..အရာ...မဆို....
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ