သူဟာ သူ့ရဲ့ဘဝတွေကို ချေဖျက်ပစ်ပြီးတော့ ဒေလီယာ....။
ကိုယ်မဟုတ်တဲ့ တစ်စုံတစ်ယောက်အတွက်
အခြား တစ်ယောက်သောသူရဲ့ ပျော်ရွှင်မှုအတွက်
သူတစ်ခါမှမရဖူးတဲ့ ကြုံတောင့်ကြုံခဲနူးညံ့မှုတွေကိုလက်လွှတ်နေတာ...
မင်းရဲ့လက်ကို ကိုင်ဆွဲခွင့်ရဖူးချင်တယ် လို့ အတွေးတောင်မတွေးရတဲ့သူလိုမျိုး
အသည်းနှလုံးကိုဖောက်ထုတ်ပြီး ဆက်ရှင်နေစမ်းလို့ မြေပေါ်အတင်းစိုက်ထားတဲ့ ပန်းတစ်ပွင့်လိုမျိုး...
အချိန်တန်လို့သူသေတဲ့အခါ သူက သူများအတွက် မြေသြဇာအဖြစ် ကြေညက်သွားရတာ...။
သူဘဝကြီးက သူများအတွက်ပါတဲ့။
အဲ့လိုလူတွေ တကယ်ရှိခဲ့တယ်ဒေလီယာ ။
အိပ်မက်ဆိုတာ ဘယ်မှာလဲလို့
မင်းရဲ့အပူကိုငြှိမ်းပေးရတဲ့ ရေ လိုဖြစ်တည်မှုမျိုး
အလိုရှိတဲ့အခါ တောင့်တမှုနဲ့ရွာကျလာတဲ့ ရေစက်တွေ...
အနားမှာအမြဲရှိတဲ့အခါ မိုးကလည်းကွာ လို့ စိတ်ညစ်ရသလိုမျိုး....လိုတစ်မျိုး မလိုတစ်မျိုးနဲ့ လူမျိုး
တစ်ခါလောက်များ မိုးရေစက်တွေသည်းသည်းထန်ထန် ငိုတဲ့အခါ မင်းလည်း ငါ့လိုနာကျင်ကြည့်ပါလား ငယ်ရယ်....။
မပြောပလောက်တဲ့ ပစ်ပယ်ခြင်းတွေလေ...။
ဒေလီယာ ကိုယ်တို့အိပ်မက်တွေဘယ်မှာလဲ?
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ