"မင်းတောင်မရှိတဲ့ ငါ့ဘေးနားမှာ ဘယ်သူကရှိနေလိမ့်မယ်ထင်လဲ” တဲ့
ကိုယ် အဲ့စာသားလေးတွေ့တွေ့ချင်းရယ်ဖြစ်တယ် ...
"အ"လိုက်တဲ့ မင်းရယ်ဆိုပြီး အရာရာသိပ်နောက်ကျသွားပြီဖြစ်ကြောင်း အမှောင်ထဲကအပျက်အစီးပုံတွေအပေါ် စလိုက်မီးထိုးရင်းပြလိုက်ချင်တယ် ..
ဒီသရုပ်ဆောင်ခြင်းကဒီမှာတင်ပြီးသွားတယ်...
မုန်းတယ်...မုန်းတယ်... မုန်းတယ်...
မုန်းပြီးမေ့ပစ်သွားဖို့လိုတယ်လေ နှလုံးသားကြီးရယ်ရူးလိုက်တာနှယ်..ရူးတယ်လို့ခေါင်းစဉ်တပ်မရတဲ့ထိကို
နင့်နင့်သည်းသည်းနဲ့...
သတိရနေခဲ့တာ.....
မချစ်ဘဲနဲ့... စက္ကန့်မလပ်လွမ်းရုံလေး ...တွေ့ချင်ရုံလေး... အဲ့တာချစ်တာမှမဟုတ်တာ ..
မဟုတ်ဘူးလို့ပဲပြောပေးပါ ..
အဆုံးသတ်တွေဟာလှနေဖို့လိုတယ်လို့ပြောတယ်
ဒီအဆုံးသတ်ပြီးလို့ နောက်များ... ရှင်သန်နေစဉ်ရက်တွေအတွင်း ဘယ်သူ့ကိုမှမချစ်တတ်တော့ရက်ဘ်ာလိုလုပ်မလဲ ..ဒါ့ကြောက့်ငါ့ကို အဆုံးသတ်လှလှလေးပေးသနားပါလား.....
ငါတချိန်လုံးမက်မောခဲ့ရတဲ့ ငါနဲ့ယှဉ်တွဲနေတဲ့ ဘေးနားကခြေရာလေး တစ်စုံပဲဖြစ်ဖြစ်....
အားလုံးကိုအလျှော့ပေးလိုက်နိုင်မယ့်
ပွေ့ဖက်မှုလေး တစ်ခုတစ်လေပဲဖြစ်ဖြစ်.... နဲ့သာ ဆိုအဆုံးသတ်ကလှမယ်ထင်တယ်... ဒေလီယာ...
ငါ တစ်သက်မှာတစ်ခါပဲရူးမယ့်အချစ်မျိုးနဲ့ချစ်ရတဲ့သူက "သူ"ဖြစ်ခဲ့တယ်.....
ဖြေပါ...မင်းတောင်မရှိခဲ့တဲ့ငါ့ဘေးမှာ ဘယ်သူကရော ရှိနေဥိးမယ်ထင်လဲ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ