about me

23 7 14
                                    

ကျွန်တော်က စာမရေးတတ်ဘူး

အမှတ်ကောင်းတဲ့ ကျွန်တော့်ကို ဆယ်တန်းတုန်းက မြန်မာစာ ဆရာက တအားအလေးထားတယ်

အနုပညာညဉ်မပါတဲ့သူကို ဂစ်တာတီးခိုင်းနေသလို
နှလုံးသားမပါတဲ့ ကျွန်တော့်ကိုမှ စာစီစာကုံးကိုအတင်းရေးခိုင်းတော့တာပဲ

စနစ်နဲ့ အစာပလာအကုန်ထည့်တာတောင် ထွက်လာတဲ့ဟင်းက ' ဟင်းဖြစ်ရုံ' ဆိုတာမျိုး ကျွန်တော့်စာစီစာကုံးဆိုတာ စာတစ်ပုဒ်သာသာပဲ..ဖတ်လို့ရရုံ...
ဘာခံစားချက်မှမပါ..ပါတဲ့ခံစားချက်စာသားကောက်နုတ်ချက်က နာမည်ကြီးစာအုပ်ထဲက မတတ်သာတဲ့အဆုံးကူးချထားတာ... ။

စည်းတွေဘောင်တွေနဲ့ရေးမှ ဖြစ်တဲ့ စာစီစာကုံးရယ်
နင်နေနှင့်စမ်း...ငါ တစ်နေ့ကျ လွတ်လပ်တဲ့စာတွေရေးမယ်.. ပေါ်သမျှအတွေး စာကြောင်းဖြစ်အောင်ရေး
ပစ်နိုင်တဲ့အထိ လို့တေးထားခဲ့တယ်...

တကယ်လည်း ခေါင်းမာခဲ့တဲ့ကျွန်တော်က စာစီစာကုံးကြောင့်နဲ့ ဆက်နွယ်ပြီး ဂုဏ်ထူးပြုတ်ခဲ့ရသည်

ဒါပေမယ့်လည်းတွေးထားတာလေးတွေတော့ ဟိုတစ်စ ဒီတစ်စ ရေးဖြစ်ခဲ့တယ်

ကျွန်တော်နည်းစနစ်တွေမသိဘူး 
ကျွန်တော်က စာပေကိုလွတ်လပ်ခြင်းလို့ခံစားတယ်.
ကျွန်တော့်ရဲ့ထွက်ပေါက်တစ်ခုလို့သတ်မှတ်ပြီး
ဖတ်တဲ့လူနားမလည်နိုင်တဲ့စာမျိုးကိုပဲရေးချင်တာ

တကယ်တမ်းကျ တန်ဖိုးဆိုတဲ့အကြောင်းအရာအကြောင်းပြောရရင်တော့...

အင်း. .သီချင်းတစ်ပုဒ်ကို ဘယ်လောက်တော်တဲ့သူကရေးရေး နားထောင်သူကနှစ်သက်မှ သူ့အတွက်သီချင်းကောင်းဆိုတာဖြစ်သလိုမျိုးပဲ

စာတစ်ပုဒ်က ဖတ်တဲ့သူစိတ်ဝင်စားအောင်ရေးနိုင်ပါမှ
စာကောင်းပေကောင်းဖြစ်လာတယ်..ဆိုတာ

အဲ့အတွက် ခံစားချက်တွေကို အတတ်နိုင်ဆုံးရိုးရှင်းပြီးအဆင့်အတန်းရှိအောင်လည်းရေးရတာမလွယ်လှပါဘူး

စာရေးသူရဲ့စိတ်ကိုလည်းမြင်စေ့ချင်တယ်...
စာတစ်ပုဒ်အနေနဲ့လည်းဖတ်ကောင်းစေချင်တယ်ဆိုတာ...

ခံစားချက်လေးကလည်းကွန့်မှ
စာလိုပေလိုလည်းရေးတတ်ဦးပါမှ

ကျွန်တော်တော့ ဘယ်လောက်ကြိုးစားရဦးမယ်မသိပေမယ့်... မလုံလောက်သေးလို့ လို့ပဲမှတ်ယူပါတယ်

လူကလည်းဂျစ်ကန်ကန်နိုင်တာလည်းပါတာပေါ့

ငါရေးတာ ဖတ်ချင်ဖတ် မဖတ်ချင်နေ ဆိုတဲ့ မာနကြီးက ဘယ်လိုမှချမရတာ

ကျွန်တော့်စာတွေဟာ ကျွန်တော်ပြန်ဖတ်တဲ့အချိန်မှာလည်း ကျွန်တော့်ဆီနွေးထွေးမှုပြန်ပေးနိုင်ရမယ်..

ဒါက ကျွန်တော့်ရဲဘဝရဲ့နာက်ဆုံးထွက်ပေါက်နေရာမို့ ကျွန်တော် စာရေးတာကို အတော်လေးနှစ်ခြိုက်သလို
စာဖတ်ရတာကိုလည်းသဘောကျတယ်...

ကျွန်တော့်စာတွေ အဆင့်အတန်းရှိလာဖို့ဆိုရင်တော့ ကျွန်တော်စာတွေအဆက်မပြတ်ရေးနေရမှာပါပဲ

ကျွန်တော်မှ စည်းမျဉ်းစည်းကမ်းတွေနဲ့ဟိုလိုလုပ် သည်လိုရေးလို့ သင်လို့မှမရတာ...

ဟင်းချက်နည်းစာအုပ်ကိုင်ပြီး ဟင်းတစ်ခွက်မဖြစ်သလို
စာရေးခြင်းအနုပညာဆို တခုပ်တရသင်ပြီး စာလည်းရေးလို့မတတ်တဲ့ လူစားမျိုး ဖြစ်နေတယ်

စာရေးခြင်းမှာခေါင်းမာတယ်
ကျွန်တော့်စာပေက တမျိုးထူးခြားပြီး ကျွန်တော့်ရေးဟန်က တမျိုးဆန်းသစ်နေတာကိုကျွန်တော်သဘောကျတယ်...

နည်းစနစ်တွေအကြောင်းနားလည်ဖို့်ကတော့..
ကျွန်တော့်မှာအချိန်တွေကျန်သရွေ့ ကျွန်တော်ရေးဖြစ်မှာပေါ့...

နောက်ဆုံး ကျွန်တော့်ရဲ့သေတမ်းစာအထိပဲပေါ့။

တမလွန်​မှ ကျွန်​မထံ ​ပေးစာWhere stories live. Discover now