ကိုယ်တစ်သက် ဆပ်ရမယ့်အပြစ်ကြွေးတွေများတယ်ကလေးငယ်
ဒါကြောင့် မင်းကလွဲပြီးသစ္စာရှိလို့မဖြစ်ဘူးလေ
ကိုယ့်မှာအပြစ်တွေဆင့်ရင် နောင်လွန်သည်အထိ ကျွန်တော်တော့ ဆပ်မကုန်ရချည်ရဲ့
ဒါတွေက တိတ်တိတ်ကလေးရှိနေတာပဲကောင်းပါတယ်လို့ တစ်ကိုယ်တည်းသမားတွေရဲ့ထုံးစံအတိုင်းသိမ်းထားဖို့ပြင်ထားပါတယ်..
ခင်ဗျားက နောင်နှစ်တစ်ရာထိ နှစ်ယောက်
အတူတူလို့ စနောက်သလိုရေရွတ်ခြင်းကစလို့
သုံးပုံတစ်ပုံပဲရှိမယ့် ကျွန်တော့်ဘဝအတွက် နှမြောတသဖြစ်စွာ ခြေရာတွေချန်ဖို့ဖြစ်လာခဲ့ရတော့တာပါပဲတစ်စုံတစ်ယောက်အတွက်ရယ်လို့ မရှင်သန်ဘဲ ကိုယ့်ဘဝအတွက် ကိုယ်ဖြစ်တည်ပါတဲ့
ကိုယ်လည်းကြိုးစားနေပါတယ် ဆိုတာအပြင် ဖြေစရာကတိတော့မရှိ
ကြိုးစားတာပဲ..ဖြစ်မလာတာ ကျွန်တော်မှမတတ်နိုင်တော့
သည်တိုင်း သူများရဲ့အဖြည့်ခံဖြစ်ရလည်း ကျွန်တော်သာ ကျေနပ်နေရင်ပြီးတာပဲမလားလို့ တွေးဖြစ်တော့တယ်....
အနည်းဆုံးတော့ ကျွန်တော့်ဘဝအတွက် ကျွန်တော်ရှိမယ်လေ
ခင်ဗျားကြီး အသက်လမ်းကြောင်းမှိန်နေတာသိလား
ခင်ဗျားကြီး သတိထားနေ..
ခင်ဗျားပြောသလို သက်ပြည့်ရာပြည့်ပျော်အောင်နေကျွန်တော့်ကိုသွားရလာရမဖြောင့်အောင်တော့မလုပ်ပါနဲ့...
နေပါတော့ ခင်ဗျားရယ်
ကျွန်တော်အိပ်မက်ခဲ့ရသမျှ။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ