အချစ်ရဆုံးသူက မင်းပဲရှိလို့ မင်းဆီကိုစာတွေရေးဖြစ်နေတယ် ဒေလီယာ
အွန်လိုင်းပေါ်ကပေးနေတဲ့စာတွေဖြစ်ပေမယ့် တချိန်ချိန်မင်းဖတ်ဖြစ်ပြီး ငါ့ကို နည်းနည်းလေးပဲဖြစ်ဖြစ်နားလည်ပေးဖို့မျှော်လင့်တယ်...
ငါ့ဆီကလုပ်ရပ်တိုင်းအတွက် အကြောင်းပြချက် ပြစ်ချက် လိုအပ်ချက်တွေမရှာဘဲ ငါ့ကို သည်တိုင်းလက်သင့်ခံပေးတဲ့တစ်ဦးတည်းသောသူပါပဲ
ငါ ပြသာနာတွေချည်းပဲ ဖန်တီးနေမိတာလား ဒေလီယာ
ဘာလို့ အကုန်လုံးက သည်လိုဖြစ်နေရတာလဲ ငါနားမလည်တော့ဘူးရိုးရိုးရှင်းရှင်းပဲ ဖြစ်စေချင်တဲ့အလျောက်ကိုဘာလို့များ
ငါဟာ...တဖြည်းဖြည်းနဲ့...ငါလုံးဝ မလိုချင်တဲ့လူတစ်ယောက်လို ဖြစ်လာရတာလဲ
ငါ အဲ့ဘဝကိုမကြိုက်ဘူး
ငါနှစ်ခါပြန် မဆင်းရဲချင်ဘူး
ငါ နောက်တခါမကြုံချင်တော့ဘူး
အဖြေထွက်ခဲ့တဲ့ပုစ္ဆာမဟုတ်ခဲ့ပေမယ့် ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲ့နေ့တွေမို့ နောက်တစ်ကြိမ်အလားတူ လမ်းမျိုးကိုထပ်လျှောက်ရတော့မှာကို ကြောက်နေမိတယ်
သည်တစ်ခါကပိုဆိုးမယ်လို့ခံစားနေရတယ်..
ပြောင်းလဲလို့လည်းမရတော့တဲ့ ဘဝဖြစ်နေပြီးပါပြီI'm afraid to be in dark again
This time darker and no way out again!
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ