အကျိုးမရှိတဲ့စာတွေရေးနေဦးမှာလားဆို
ကိုယ်တော့ မင်း ကိုယ့်စာတွေကြားဗျာများနေတာကို
မြင်ချင်သေးတယ်လို့တစ်ယောက်တည်းလျှောက်ရမယ့်လမ်းတွေ ဘယ်ထိရှည်မလဲ
ကိုယ်အဆုံးသတ်တော့ မင်းဆီရောက်မှာပဲ
ကျန်တဲ့အရာတွေ မသေချာတောင်
ကိုယ် မင်းဆီတော့ရောက်အောင်လာမှာမို့
ဒေလီယာ..ကိုယ့်ကိုစောင့်နေပါ
ဘယ်အချိန်ထိဖြစ်ဖြစ်
ကိုယ်မင်းဆီတော့ ရောက်အောင်လာခဲ့မယ်။သူ့အပြုံးတွေ က ကိုယ့်ကြောင့်မဖြစ်တည်တော့တဲ့အလျောက် အထိုက်အလျောက်ပဲ မင်းနဲ့ငါနဲ့ဝေးကွာသွားတော့တယ်...
ဒါကအမြဲ ဖြစ်.သင့်.နေ.တာ.ပါ ဒေလီယာ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ