မင်းရဲ့ ပုံလေးတစ်ပုံကိုကြည့်ပြီး မျက်ရည်တွေဝဲလာဖူးတယ်...

ဘာမှလည်းမဟုတ် ပုံမှန်မင်းလမ်းလျှောက်နေတဲ့ပုံလေးပဲ...

ဒေလီယာငယ်.... ငါ မကောင်းတော့ဘူးလို့ခံစားရတယ်..ငါ့အတွက်။

အပိုစာသားတွေမထည့်ချင် အကုန် ယိုယွင်းသွားပြီလို့....အဆုံးကိုရောက်တော့မည်လို့....

မင်းကိုလက်လွှတ်လိုက်ရတယ်...တန်ရာတန်ရာပဲပေါ့လို့... ခပ်ဝေးဝေးကိုပြေးတယ်

နေရတဲ့တစ်ရက်ကို ငါ့ကိုယ်ငါအကောင်းဆုံးစောင့်ရှောက်ပေးဖြစ်တယ်

ဒီဘော်ဒီက ငါပေးသမျှဒဏ်ကိုကောင်းကောင်းကြီးခံခဲ့တာပဲ...

ငယ်...အချိန်သိပ်မရှိတော့ဘူး

ငါပုံတစ်ပုံကြည့်ပြီး ငိုချင်သလိုလိုဖြစ်တာကို ငြင်းတုန်းပဲ ...

မှတ်ဥာဏ်တွေကိုdeleteလုပ် အကုန်အဖုံးပိတ်ပြီးပြာဖြစ်ခဲ့ရင် မင်းမမြင်ရတော့ဘူးငယ်

တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို စောင့်ကြည့်ခဲ့ဖူးတဲ့အကြောင်းတွေ။

သူနေကောင်းသွားပြီ သိလား ငယ်

ငါတို့နေသားကျဖို့လိုနေပြီ

မကောင်းတဲ့သွေးပါ တဲ့သူတစ်ယောက်က အဆုံးရောအစရော ဘာဆုကိုတောင်းခဲ့သလဲသိလား..ငယ်

ဒီဘဝမှာတော့ ဒီအပြစ်တွေအပြီးကျေဖို့ပဲ

ဒေလီယာ...အများကြားကောင်းအောင် ဒါတွေကို
အောင်မြင်စေတဲ့တွန်းအားလို့နာမည်တပ်တာပါ

ဒါက ဝဋ်တစ်မျိုးလည်းမည်တယ်

မင်းမှ မသိတာ...ကလေးရယ်....
ချစ်လိုက်ရတာ...မထိရက်ရလေအောင် ဆိုတာ
မှန်ခဲ့တယ်....။

ကိုယ်အပြစ်တွေအများကြီးလုပ်ထားတာသေချာတော့
နောင်...နောင်ဘဝတွေမှာ ရင်းနှီးမယ်ဆိုတဲ့ဆုလည်းမတောင်းဖြစ်

အဖန်တရာတေအောင်လည်ဥိးမယ့် ဖြစ်အင်တွေမှာ ငါကမင်းနဲ့ဝေးဖို့ ဘယ်နှယောက်ကိုများအပြစ်တွေလုပ်ခဲ့လေသလဲ...

အမှားမဟုတ်တဲ့ 'အပြစ်'တွေ။

တမလွန်​မှ ကျွန်​မထံ ​ပေးစာWhere stories live. Discover now