ဒေလီယာ.....နာမည်လေးကလှတယ်

ငါ့ကိုစောင့်နေမှာမလား ဒေလီယာ

သရဲတစ်ကောင်ဖြစ်သွားရင် တော့ ငါတစ်ယောက်တည်းလျှောက်မသွားချင်ဘူး

ဒါပေမယ့်ကြည့်ရတာတော့ အခြေအနေတွေဆိုးဦးမယ်ထင်တယ်

မင်းကိုလာတွေ့နိုင်ဦးမယ်တော့ငါမထင်ဘူး.

ငါက အင်း...ကြားနယ်မြေတွေထဲအကြာကြီးကျင်လည်ရဦးမယ်ထင်တာပဲ

မင်းကတော့ ရွှေရောင်အချိန်ဆို မြက်ခင်းစိမ်းစိမ်းမှာလှနေတော့မှာပဲ....

ငါတော့စားစရာသောက်စရာတစ်ခုခုရှာနေရဦးမယ်ထင်တယ်...အဲ့အချိန်ဆို

ကံကောင်းတာပဲ ဒေလီယာငယ်က

တိတ်ဆိတ်နေခြင်းကအရာရာထက်ပြည့်စုံပါတယ်တဲ့
ကိုယ်မတိတ်ဆိတ်မိဘူး

ငါ့လိုများ....ငါတို့လိုများ နောက်ထပ် အကြွေစောတဲ့ဒေလီယာတွေဖြစ်လာမှာစိုးတယ်...

အဲ့တော့ငါဆူညံမိတယ်

နောက်တော့ ပြစ်ဒဏ်တစ်ရက်တိုးတာပဲ

အင်း...ငါတော့ ရှည်ကြာနဦးမယ်ထင်တာပဲဒေလီယာ

မချိမဆန့်နဲ့ မုန့်လုံးစက္ကူကပ်တဲ့ဘဝထဲ...လည်လည်
လည်လည်နဲ့............

တမလွန်​မှ ကျွန်​မထံ ​ပေးစာWhere stories live. Discover now