မမြင်တာလား... တမင်ပဲမျက်နှာလွှဲဖယ်ခဲ့လေးသလား
ကိုယ်လည်း မသိချင်တော့ပါဘူး ...
တူညီတဲ့ပြသာနာတွေများလာရင် အဖြေကို ကိုယ့်ကိုယ်ပေါ်မှာပဲပြန်ရှာလို့ပြောတယ်...
တကယ်တော့ တလောကလုံးက "ငါ" ရူးရူး
နေတာဖြစ်ပြီး ဆန်းစစ်စရာ ကိုယ့်ကိုယ်ကိုအပြစ်တင့စရာတွေလုပ်ဖို့မလိုတာလည်းဖြစ်လာနိုင်တာပေါ့နှစ်အတော်ကြာ အပြစ်ဖို့ခဲ့တယ်...
လေင်သမျှမီးဟာ ငါရှို့ခဲ့တာပါလို့နောက် နှစ်အတော်ကြာ လောကကြီးကိုအပြစ်မြင်ခဲ့တယ် .ဘာလို့ ဒီလူကိုမှရွေးပြီး ကံဆိုးစေရသလဲလို့ပေါ့
ဆယ်နှစ်ကျော်ကြာ အချိန်လေးပဲကျန်တော့တဲ့တချိန်မှာတော့..... ငါ အားလုံးကို သူ့သဘောအတိုင်းဖြစ်စေလို့ ခွင့်ပြုလိုက်ချင်ပြီ...
တားလို့လည်းမရ အပြစ်တင်လို့လည်းမရတဲ့ အရာတွေ...
ပြေးတွေ့လို့လည်းမရ စကားနဲ့လည်း ဖာထေးလို့မရတော့တဲ့ ဆက်သွယ်မှုတွေ....
ဘယ်နှကြိမ်ပြင်ပြင် ကောင်းလာတော့မှာမဟုတ်တဲ့
နှလုံးသားတချို့တလေ....သူတို့ကို လွှတ်ပေးပြီး ဖိအားတွေကင်းစေရတော့မယ်
လောကကြီးကအတုကြီး....
အဲ့ထဲမှာ မင်း ကိုရှာရတာ တယ်ပင်ပန်းတယ်
မျှော်လင့်ချက်တွေ အိပ်မက်တွေနဲ့အတုအယောင်ပြုပြီး
ညစ်ပြီးသားအရောင်ကို ဖြူစေလိုတဲ့သဘောနဲ့ဟန်ဆောင်ကောင်းကြတယ်...ငါ မင်း ကိုချစ်တယ်...
မင်း ပင်ပန်းနေမယ့်အချိန်တိုင်း အနားမှာလက်တစ်စုံကိုဆုပ်ကိုင်ပြီး အားပြုပေးနိုင်တဲ့သူတကယ်ဖြစ်ချင်ပါတယ်...
ဘာလို့လဲဆိုတော့ တစ်ရက်ပြီးတစ်ရက် ကုန်သွားတိုင်းရှင်သန်ရတာ ပိုပင်ပန်းပြီးအဓိပ္ပါယ်မဲ့လာတယ်
လမ်းဆုံးမှာ ဘာတွေရှိတယ် ဆိုတဲ့အတွေးကမရေရာတော့မှန်းလက်ခံလာရတယ်....
ကိုယ်မကြောက်တော့ပါဘူး....
ကိုယ်က မင်း ကိုဒီတစ်ကမ္ဘာတည်း စွဲလန်းမှာမဟုတ်ဘူး....
ဟန်ဆောင်ပန်ဆောင်တွေနဲ့ ဆန္ဒတွေနဲ့ဆန့်ကျင်ပြီးနေနေရတဲ့နေရာကြီးမှာ တကြိမ်လောက် တွေ့ကြပြီး
ငြိမ်သက်နေရအောင်...ငါတို့ကခရီးအရှည်ကြီးကိုဘာမှန်းမသိဘဲလျှောက်နေတယ်...အိပ်မက်ဆိုတာထင်ထားသလောက် ပျော်စရာအတိပြီးတဲ့ စိတ်ကူးယဉ်လေးမဟုတ်တော့...
နောင်ဘဝ...နောင်ဘဝတွေထိ မင်းနဲ့ တွေ့ချင်သေးတယ်...
တူညီတဲ့ဆုတောင်းနဲ့ပဲ.... ရှုပ်ထွေးပြီးအဖြေရှာမရတဲ့လောကအလယ်မှာ ရိုးရှင်းတဲ့ လက်တစ်စုံအဖြစ်နဲ့ပဲ မင်းရဲ့အနားမှာရှိနေပါစေလို့...
ဒေလီယာ... သူက လူကောင်းပါ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ