ငြိမ်သက်သွားတဲ့ စာလွှာတွေပါပဲ ဒေလီယာ
ဒါက ဒေလီယာတွေမကြွေခင် ရာထူးတိုးတဲ့ နောက်တစ်ဆငိ့နေမှာပေါ့
တွေ့ရမှာချင်းတူတူ စကားတွေနဲ့ပဲ ကိုယ်တို့အကြောင်းတွေဖလှယ်ချင်တော့တယ်
စကားလုံးတွေရေးရတာ မရေရာ
စာလုံပေါင်းအမှန်ကို သိပ်စဉ်းစားလို့မရတော့ကိုယ်သိပ်နေမကောင်းတဲ့အချိန်တွေမှာပေါ့
ကိုယ်ပြန်ကောင်းဖို့သိပ်မျှော်လင့်တယ်
.ဒါဟာ မင်းနဲ့မတွေ့ချင်ဘူးဆိုတဲ့အဓိပ္ပါယ်မဟုတ်ဘူး..
ကိုယ်အချိန်လေးနည်းနည်း ထပ်ရချင်ရုံလေးသစ္စာမရှိတဲ့သူတွေက ကိုယ့်အပေါ်မှာဂုတ်သွေးစုပ်သလို
ကိုယ်သစ္စာရှိချင်တဲ့သူက ဟိုအဝေးမှာ ကိုယ့်သစ္စာတွေကိုမလို
အေးစက်စပြုတဲ့ဆက်ဆံရေးတွေနဲ့ အပေါ်ယံအရေတင်းမှုတွေက ခုချိန်တော့ နှလုံးသားထဲထိလှိုက်လို့စားနေတော့" မင်းမရှိတာ ငါ့အတွက်ဘာအရေးလဲ " ဆိုတဲ့အတွေးမျိုးတွေ ဖန်တရာတေအောင်တွေးဖြစ်နေပါပြီ
ကိုယ့်မျက်လုံးတွေ သိပ်လေးလံနေပြီလို့ခံစားနေရပြီဒေလီယာ....
အဓိပ္ပါယ်ရှိတဲ့စာစောင်တွေကုန်တဲ့အခါ တစ်လုံးစနှစ်လုံးစ ဖတ်လို့ရသမျှစာတွေထပ်ပို့လိုက်ပါ့မယ်
ဒေလီယာ....ဒေလီယာ...
ငါ့မှာ မင်းရှိတယ် ဆိုတာ ငါသတိရပါဦးမလား,
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ