သူက သူများစကားနားခေါင်ရတာမကြိုက်တဲ့ကလေးပဲ
လုပ်ချင်တာဆို ခေါင်းမာတတ်တယ်
"ကလေး"လို့ခေါ်ရင်မကြိုက်ဘူး
ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ တကယ်ကလေးလေးလိုဖြူတယ်
တကယ်တမ်းတော့ အေးစက်စက်နဲ့ ပေကပ်ကပ်သမား
မကြိုက်တာဆိုလုံးဝလှည့်မကြည့်ဘဲ ကြိုက်တာဆိုထပ်ခါတလဲလဲလုပ်ရတာနှစ်သက်တယ်
ခုတလော ဟန်ဆောင်တွေကောက်းနေတယ်
မရည်ရွယ်တဲ့အပြုံးတွေလည်းသူပေးလာတယ်
ပြောင်းလဲနေပါပြီလို့သူကြေညာတယ်..
မကြာခင် သူ့ blah blah blah ဆိုတာမြင်တွေ့ရနိုင်တယ်
အိပ်မက်တွေကိုလက်တွေ့ဖန်တီးရတာကြိုက်တယ်
တဆင့်ချင်းကြိုးစားတတ်တယ်
အငယ်တွေအပေါ်မှာနူးညံ့တယ်
အပြင်လူတွေကိုလေးစားတယ်...
သိလား..မင်းနဲ့ငါက လုံးးဝဆန့်ကျင်ဘက်ကြီးဘဲ
မင်းက အဖြူဆို ငါက အမည်း
မင်းက real ဆို ငါက fake
မင်းကreal ကို fakeလို့ပြောလို့ပြန်ခံပြောရင်
ငါက fakeကို real ပြောလို့ ကမ္ဘာ့အရယ်ရဆုံးဟာသကို မရယ်ရဘဲကြည့်နေရတဲ့လူစား
Irisပန်းတွေကိုသိလား
ကောင်းကင်ဘုံသို့ခရီးဆက်ခြင်းတဲ့
သေခြင်းပေါ့ကွယ်...
မင်းနဲ့ပတ်သက်တဲ့ ငါ့မှတ်ဥာဏ်တွေသေဆုံးခြင်းပါ
ငါ မင်းကို မေ့ ရ· တော့မှာ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ