နှုတ်ခမ်းဖူးဖူးနဲ့လူတစ်ယောက်ကိုချစ်ခဲ့တယ်..
အရမ်းပဲ
သူကနေရပ်မတူတဲ့ကြယ်တာရာစုက ..
ကိုယ်ကတော့လေပြေအဝေ့ကမြက်ခင်းပေါ်ကဒေလီယာပေါ့ ..
သူကနှင်းဆီနီဆိုအမြတ်တနိုးနဲ့နမ်းရှိုက်တတ်တဲ့သူရယ်ပါ ...
အချိန်ကာလနှစ်ခုအထိအတွေးတွေကပြန့်ကြဲနေခဲ့တယ်..
ပထမအချိန်ကာလကတော့ ကိုယ်ဟာလည်းနှင်းဆီနီတစ်ပွင့်ဖြစ်လာတဲ့အချိန်..
ဒုတိယကာလကတော့သူ ဒေလီယာပန်းတွေကိုနှစ်သက်လာမယ့်အချိန်ရယ်ပေါ့..
ဒါပေမယ့်..သိလား..ဒေလီယာ?
ကိုယ်တို့ဟာဘယ်တော့မှနှင်းဆီပန်းအဖြစ်ပြောင်းလဲသွားမှာမဟုတ်သလို ..သူနှစ်သက်လာမယ့်ဒေလီယာကလည်းကိုယ်မဟုတ်ဘူးဆိုတာ ...
တစ်ခုမေ့သွားခဲ့တာပဲ...
ကိုယ်တို့ဟာရိုးရိုးဒေလီယာတွေမဟုတ်ခဲ့ဘဲ
တမလွန်ဆီကူးပြောင်းတော့မယ့်သူတွေဖြစ်နေခဲ့ကြလို့ပါ ...
ကိုယ်သိပ်ချစ်တဲ့နှုတ်ခမ်းဖူးဖူးပိုင်ရှင်ဟာ...
ကိုယ့်အတွက်တော့ညတိုင်းငေးဖြစ်ခဲ့တဲ့ကြယ်တာရာတွေလိုပဲ...
အဝေးဆုံးရဲ့အသေးဆုံးအစိတ်အပိုင်းလေး...
ကိုယ်ကတော့သူ့ကိုတစ်ဘ၀စာအရောင်တွေအပြည့်ခြယ်ခဲ့တာကို ...
သူကတော့မသိခဲ့လေခြင်း
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ