အမှတ်တရဆိုးတွေပါလားလို့် သတိရတဲ့အချိန် ကိုယ်ဟာ နယ်ကျွံပြီးနေပါပြီ
ခုတော့ လေယူရာသိမ်းတဲ့ဒေလီယာဟာ နှလုံးသားဟောင်းလောင်းပေါက်နဲ့ ဘယ်အချက်သေမလဲကို စောင့်နေပါတယ်
တချိန်ကျ သေရမှာချင်းတူတူ ထူးပြီးဝမ်းမနည်းတော့
လူတစ်ယောက်ကိုမမုန်းပါနဲ့တဲ့
သူဟာတချိန်ကျ မင်းမမုန်းလည်းသေမှာပါပဲတဲ့သေခြင်းတရားကအပြစ်တွေအကုန်ဆပ်ဖို့ လမ်းခရီးအဆုံးတိုင်းမှာစောင့်နေကြတာပဲမလား
ဒီခရီးကိုလျှောက်နေစဉ်အတွင်း မင်းအဆင်ပြေရင်ကို
ငါကျေနပ်ပါပြီ
တွေ့ဖို့လည်းမလိုတော့..နောင်ဘယ်သံသရာအကွေ့မှာမှ မဆုံဖို့မျှော်လင့်ရတာပဲ...အရင်ကတော့ တွေ့ဖြစ်ဖို့ဆုတောင်းခဲ့သမျှ...ခုတော့နောင်များမင်းနဲ့ကြုံရင် ကိုယ်အရင်လှည့်ထွက်ခဲ့ရင်ကောင်းမှာပဲလို့စဉ်းစားတယ်...
မင်းအတွက်လူမှန်နေရာမှန်တွေအများကြီးရှိရက်နဲ့တော့ မလိုတဲ့ဖြတ်လျှောက်တွေကိုအများကြီးမထည့်စေလိုတဲ့စေတနာနဲ့ပေါ့
ကျွန်တော် ခင်ဗျားဘဝမှာ ဖြတ်လျှောက် မဖြစ်ချင်ဘူး
အဆုံးသတ်တွေကိုသိသွားတော့ ပျော်ရလား?
ဟင့်အင်း..အဲ့တာကမပျော်ရတာထက် နည်းနည်းဆိုးတယ်
ရှင်လျက်နဲ့သေသွားရတာလေးပါပဲ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ