chain~

19 7 0
                                    

ချိန်းကြိုးပါတဲ့ အဆင်တန်ဆာတွေနဲ့ ခင်ဗျားရဲ့မှတ်ဥာဏ်ထဲ ဟိုဟိုသည်သည်လျှောက်သွားနေရသလိုပါပဲ

နားငြီးတယ်မလား...
ခင်ဗျားက ဆူညံသံကိုရှာဖွေဖယ်ရှားချင်နေပေမယ့်
အမှောင်ထဲကလူကို ဖမ်းဖို့နေနေသာသာ မြင်တောင်မမြင်ရသလိုပေါ့...

ကျွန်တော်က ခင်ဗျားအတွက်
lucky charmလေးဖြစ်ချင်ဖြစ်နေမှာ

ဘာလဲ..တစ်ခုရှိတယ်လေ....
ကိုယ်တိုင်က ကံမကောင်းပေမယ့် သူများအတွက်ဆောင်ထားရင်ကံကောင်းစေတဲ့ရုပ်ဆိုးဆိုးအဆောင်လေးလိုပေါ့...

ချိန်းကြိုးလေးနဲ့ ခင်ဗျားဘဝမှာတွဲလွဲခိုနေသေးတယ်

ကျွန်တော့်မှာလည်းသက်တမ်းမကျန်တော့ပါဘူးခင်ဗျားရယ်....

အချိန်တန်ရင် ခင်ဗျား စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အသံတွေလည်းရှိတော့မှာမဟုတ်ဘူး..

အဲ့အခါကျ ခင်ဗျားငြိမ်းငြိမ်းချမ်းချမ်းနေရစ်ပါ

ကျွန်တော်ကတော့ အိမ်ယာမရှိတဲ့ တစ္ဆေတစ်ကောင်ဖြစ်နေမလားပဲ...

ခင်ဗျားဆီမဟုတ်ဘဲ လမ်းမထက်မှာ အကြွင်းအကျန်တွေစားရင်းပေါ့...

ကျွန်တော်ကတော့ သေမထူးနေမထူးပေမယ့်..
ခင်ဗျားရဲ့lucky charmလေးမရှိတော့တဲ့အခါ
ခင်ဗျားပျက်စီးကျန်မနေခဲ့ဖို့တော့ ကျွန်တော်မျှော်လင့်နေမယ်....

ခင်ဗျားမှာပေါနေတဲ့' အချစ်'တွေထဲက အချစ်စစ် ဆိုတာလေး....ခင်ဗျားဆီရောက်လာမယ်ဆိုရင်
ကျွန်တော်လည်း အပူတွေငြိမ်းမယ်ထင်ပါရဲ့

ကျွန်တော် ခင်ဗျားကိုကြည့်နေခဲ့ပါတယ်...

ခင်ဗျားသိသည်ဖြစ်စေ...မသိခဲ့သည်ဖြစ်စေ

အခုရော...နောင်ရော...အရင်ကရော

တမလွန်​မှ ကျွန်​မထံ ​ပေးစာWhere stories live. Discover now