"နေကောင်းသွားရင်" ဆိုတဲ့စကားကိုအမြဲပြောတဲ့ဒေလီယာ...
ငါ ဆာကူရာပန်းဆိုတာ ကြည့်ချင်သေးတယ်
တရုတ်ဇီးပန်းနဲ့ဘာကွာလဲ တအားသိချင်တာကော်ဖီခါးခါး ဆိုတာဘယ်လိုမျိုးလဲ ဘာကြောင့်များသည်လောက်များတဲ့သူတွေဟာ ကော်ဖီဆိုအရူးအမူးကြိုက်ကြတာလဲ သိချင်တာ...
ကိုယ့်အတွက်တော့ အမည်းရောင်အရည်တွေက အဆိပ်တွေလိုပဲ...
ကိုယ့်ရဲ့ စည်းချက်မြန်တဲ့နှလုံးကိုတခါတည်းရပ်ပေးမယ့် အဆိပ်ရည်"နေကောင်းသွားတဲ့ တနေ့ကျရင်ပေါ့"လို့ သူကပြောပြီး အားလုံးကိုစိတ်ထဲမှာစာရင်းမှတ်ထားဖို့ပြောတယ်
အမြဲတမ်းပဲပေါ့...
ချစ်တယ် ဆိုတာ မသိသေးဘူး
အရွယ်မတိမ်းမယိမ်း
တစ်စုံတစ်ယောက်က ကိုယ်နဲ့ယှဉ်တွဲလျှောက်ပြီး မကုန်နိုင်တဲ့စကားတွေကိုဖောင်ဖွဲ့ပြောပြီး လမ်းသွားလမ်းလာတွေရဲ့ မျက်ဝန်းအစုံကိုလျစ်လျူမရှုဖူးသေးဘူးခက်တာက နေကောင်းသွားတဲ့တစ်နေ့ပေါ့ ဆိုတဲ့ ပန်းတိုင်က ဘယ်လမ်းနဲ့မှမတူဘဲ လျှောက်လေဝေးလေဖြစ်နေတာပါပဲ....
တစ်စစီ ဖြည်းဖြည်း ပျက်စီးပဲ့ကြွေလာတဲ့ ပွင့်ချပ်တွေကိုကြည့်နေရင်း
"အင်း ဒီလောက်ဆို ပြန်ကောင်းနိုင်ပါသေးတယ်"
ဆိုတဲ့ခံစားချက်"ဒါက အဆုံးမဟုတ်သေးပါဘူး"ဆိုတဲ့ခံစားချက်
တခါတလေ စီးမြောလိုက်တော့မယ်ဆိုတဲ့ခံစားချက်
မင်းကပါ ဆန့်ကျင်ဘက်ဆီ ထွက်သွားတဲ့အခါ ယိုင်နဲ့နေပြီဖြစ်တဲ့ အိပ်မက်လေးတွေက ပျောက်ချင်းမလှပျောက်သွားရတော့တယ်...
ငါလေ...တရုတ်ဇီးပန်းတွေကိုမြင်ဖူးချင်တာ
ငါတို့ဆီမှာ အဲ့ပန်းတွေမရှိသေးဘူး
ငါ မင်းကို ဆက်ပြီး သိနေချင်သေးတာ
မကြိုက်ဘူးလို့အခါခါလိမ်ညာတဲ့အခါ တကယ်မကြိုက်တော့တာဖြစ်သွားနိုင်သတဲ့
ဘယ်အထိလဲ..ဘယ်အထိများလဲ...
ထောင်ကျော်မျှဝေးတဲ့မိုင်တွေရဲ့တစ်ဖက်မှာ
ငါ့ကိုကျောခိုင်းနေတဲ့ နောက်ကျောသေးသေးလေးကျင့်သားရပြီးသားဖြစ်တဲ့ ကျောပြင်တွေထဲကတစ်ခု
ယိုင်နဲ့နဲ့နဲ့ အိပ်မက်လေး....
ဝေးရတော့မှာ...
ခုတော့တကယ်ကြီး ဝေးရတော့မှာပါလား
သည်လောက်ထိတိုက်ဆိုင်ခဲ့ပြီးမှ...
သည်လောက်ထိ နီးနီးကိုလျှောက်လာခဲ့ပြီးမှ
ကိုယ့်ဆီကိုမဟုတ်ခဲ့ဘူးတဲ့လား... ဇီးပန်းငယ်
ငါက မင်းကို ကြိုနေခဲ့တာ...
ငါ ပွင့်လန်းခဲ့သမျှ တရာသီလုံးပါပဲ....
ခုတော့...ငါ...ဒေလီယာ..။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ