သစ္စာတရားကို အလေးထားတဲ့မင်းမှာရော သစ္စာမဲ့တဲ့ကောင်ဘယ်နှယောက်ရှိလဲ
စိတ်ကုန်စရာချည်းပါပဲ ဒေလီယာ
ကိုယ်တော့ သူတို့ကိုစိတ်ကုန်တယ်
ဒါကြောင့်ဖြစ်ရပ်တစ်ခုဖြစ်ပြီးရင် သူဘာကြောင့်ငါ့ကိုဒိလိုပြုမူရသလဲ ဆက်မစဉ်းစားတော့ဘူး
သူ့စိတ်ထဲ ကိုယ်ကဘယ်အဆင့်မှာရှိနေလဲ
အရေးကြီးတဲ့အဆင့်လား
မပြောမဖြစ်လား
အလိုက်သင့်ရုံလားကိုယ့်မှာ မင်းရှိရင်ရပါပြီဒေလီယာ
သူ့မှာရော သူကိုယ်တိုင်ရှိရဲ့လား မသေချာ
ကိုယ်မဟုတ်တဲ့တခြားသူအပေါ်ဘယ်တော့မှ
စကားတစ်ခွန်း ကအစမျှော်လင့်ချက်မထားမိပါစေနဲ့တဲ့ကိုယ်မဟုတ်သရွေ့ သူကကိုယ့်ကို အလုံးစုံနားလည်မှာမှမဟုတ်တာ...နားလည်ချင်နေမှဖြစ်မှပေါ့
ကိုယ်တော့မင်းကိုနားလည်ချင်တယ်
ကိုယ်တို့နှစ်ယောက်စီက မညီတဲ့အနားစွန်းလေးတွေညှိမယ်
မင်းဘက်မှာမိုးရွာရင် ကိုယ့်ဘက်မှာနေသာပြီး
ကိုယ့်ဘက်မှာ လေထန်ရင် မင်းဘက်မှာတိမ်ကင်းသလိုပေါ့နှစ်ယောက်သားဟန်ချက်ညီညီ တစ်ဖက်ဖက်စီမှာ ပြေးသွားလို့ဖြစ်နေတာမျိုးလေ
မတူညီတာတွေရှိခြင်းက အလှတရားပါပဲ
တစ်စုံတစ်ယောက်ကသာ ကိုယ်နဲ့မတူလို့ စိတ်ညစ်စရာလို့မမြင်ဘဲ သူက ကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့အခြားတစ်နေရာဆိုတာ နားလည်ပေးတတ်ခဲ့ရင်..။
ကိုယ်နဲ့မတူတဲ့ မင်းကိုချစ်တယ်
ကိုယ်ဒုက္ခရောက်ပြီးပူလောင်တိုင်း အေးငြိမ်းစေတဲ့မင်းရဲ့မေတ္တာရိပ်ကို မြတ်နိုးပါတယ်မင်းလည်း ပူလောင်တဲ့အခါ အချိန်မရွေးကိုယ့်ဆီပြေးလာခဲ့...ကိုယ်ကြိုနေမှာပေါ့ ဒေလီယာရယ်။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ