သူ့မှာခြယ်စရာ မျက်နှာတစ်ခုပဲရှိပြီး ပေးစရာအပြုံးကတစ်ပုံစံတည်း
ကျွန်တော့်မှာ အရောင်စုံတဲ့မျက်နှာတွေအများကြီးမှအများကြီး
ဖြည့်ဆည်းပေးထားရတဲ့ဘဝတွေအရောင်တွေအများကြီး
ခင်ဗျားမသိတဲ့ဘဝရဲ့အခြားတစ်ဖက်ကို ခင်ဗျားမသိဘဲပြေးထွက်လို့လည်းရတယ် .း
ချစ်တယ်ဆိုတာ ကျွန်တော့်လောက်လားလို့မေးကြည့်ချင်တယ်
ပေတံတွေမလိုဘူး..
ခင်ဗျားကိုပြောတဲ့စကားတွေကအစ အကြည့်တွေအဆုံး ကျွန်တော် သိတယ်.
ကျွန်တော်က လဲကျမယ့်လက်တွေကိုဖမ်းပေးမယ့်သူဖြစ်တာမို့ မိုးအုံ့နေတဲ့နေရာအပိုင်းမှာမှ
အေးစက်မှုတွေနဲ့အတူ
ကျွန်တော် ခင်ဗျားကိုစောင့်နေတယ်
ခင်ဗျားမလာလည်းပဲ
ကျွန်တော်က ခင်ဗျားဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေထဲ ခင်ဗျားလက်တွေကိုဆွဲမယ့်သူအဖြစ် ရှိနေမယ်
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ