အချိန်က မသိမသာနဲ့ ပြောင်းလဲစေတာပဲနော်
ခြောက်နှစ်ကျော်ကာလလေးမှာပဲ ကိုယ့်အတွက်ပန်းတစ်ခိုင်နဲ့အမြဲလှပနေတဲ့သူတွေက မတွေ့တာကြာတာရယ် ပေါင်းပြီး အများကြီးအိုသွားကြတယ်...
၂၀ ကျော်အရွယ်မှာ ဘဝဆိုတာ ဘာဖြစ်ရေး ဆ်ုတာအောက်မှာ တွန့်ဆုတ်တွန့်ဆုတ်နဲ့..
တခါတလေလည်း အားကြိုးမာန်တက်..တခါတလေးလည်း အားပြတ်လပ်နဲ့ တိုက်ပွဲဝင်လို့ကောင်းတုန်း..ထွက်ခွာရမယ့်သူတွေကလည်း အချိန်နဲ့လိုက်ပြီး ပြောင်းလဲလို့....
တကယ်တော့ ဘဝကြီးကပျော်စရာမကောင်း..
မွေး..
မွေးပြီးသေ..
သေပြီးမေ့ပြီးတော့ပြန်မွေးသလားမသိပေမယ့် ကိုယ့်ထက်အရင်
သေသာံးတဲ့သူကိုကြည့်ပြီး ကိုယ့်အလှည့်အတွက်ပြင်ဆင်.. ပြင်ဆင်ရင်းပဲ ကိုယ်လည်းသေတာပါပဲ...သေပြီးသွားရင်လည်း အမှတ်တရနေ့အချို့ကလွဲ
တိုက်ဆိုင်မှု ရှိတဲ့အချိန်လေးကလွဲပြီး ကျန်ရစ်သူကမေ့သွားဥိးမှာပါပဲ"ဘဝအတွက်ပြင်ဆင်ရင်းပဲ ဘဝဆိုတာကုန်ဆုံးရသတဲ့"
မပြင်ဆင်ဘဲနေနေရင်လည်းသေတာပါပဲ....
သေရတာဟာ ကြောက်စရာမကောင်းပေမယ့် မသေခင်အခိုက်အတန့်ကမချိမဆန့်ဖြစ်ရဆုံးပါပဲဘဝမှာဘယ်လိုနေရခြင်းကအမှန်ကန်ဆုံးလဲ?လို့ ချစ်ရသော သူငယ်ချင်းရှားပါးလှသောတစ်ယောက်ကမေးဖူးတယ်...
အဲ့တုန်းကအဖြေကရိုးရှင်းစွာနဲ့ ပေးခဲ့ပေမယ့်...
ခုတော့ကိုယ့်ဘာသာလည်းထပ်တလဲလဲမေးဖြစ်နေတဲ့မေးခွန်းဖြစ်လာတယ်Life is too long လို့ကိုယ်ကပြောပြခဲ့ပြီး
No,Life is shortလို့သူကအဆုံးသတ်ခဲ့တယ်
ခုအရွယ်အတွက် အဖြေက အားလုံးကပုံသေတည်ငြိမ်နေစေ့ချင်တယ်...ဒါက တအားကိုကလေးဆန်ပြီးမဖြစ်နိုင်မှန်းသိသာတဲ့အရာမျိုး...ဒါပေမယ့် ဘယ်သူကရော အနာဂတ်ကိုကြိုသိနေလို့လဲ...
နောက်ခြောက်နှစ်အကြာ သည်စာကိုပြန်မြင်တဲ့အချိန်
အချိန်က မသိမသာပြောင်းလဲစေတဲ့အရာတွေကိုသတိပြုမိချင်ပြုမိမှာပေါ့....ခြောက်နှစ်အကြာ...
ငါ အရင်လိုပဲလား...ဒေလီယာ?
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ