မျက်ရည်တွေကပြောတယ် ဒါလင်
သူညာနေပါတယ်တဲ့
ဟန်ဆောင်ရတာလည်းပင်ပန်းတတ်တယ် ဆိုတာ မင်းသိသေးလား ဒေလီယာ
ဥပမာ ပြောရရင် ကိုယ်တို့နဲ့မသက်ဆိုင်တဲ့သူတစ်ယောက်အတွက် မရေရာတဲ့အနာဂတ်မပြောနဲ့ ပစ္စုပ္ပန်မှာ ဘာဖြစ်နေသလဲတောင် မသိရတဲ့ အခြေအနေမျိုးအတွက် ငါငိုတဲ့အခါပေါ့
ငါတို့ရဲ့ သံယောစဉ်ကြိုးနီလေးကခိုင်ရဲ့လား ဒေလီယာ
လူတိုင်းက နောက်ဆုံးကျငါ့ဘဝထဲကထွက်သွားကြတာပဲ...ဖိတ်ခေါ်ခြင်းအလျဉ်းမရှိခဲ့တာတောင်မှ
မင်းသိလား ဒေလီယာ
သူကမညာတတ်တဲ့သူစား
မကြိုက်ရင် မကြိုက်ဘူးပြောပေမယ့် သူမုန်းတဲ့အရာကိုကြိတ်မှိတ်လုပ်ရတဲ့အခါ လိုတာထက်မပိုတဲ့သူ့အမူအရာခပ်ဝေးဝေးကတောင်ခံစားရတဲ့အေးစက်မှုကြီးပါ
အော် သူကငါ့ကိုသဘောမကျဘူးပဲကို နားလည်ခွင့်ရတဲ့နောက် ကြောက်လန့်စွာနောက်ဆုတ်မိပေမယ့်
ငါသိပ်များနောက်ကျသွားပြီလား ကိုယ့်လူမင်းမကြိုက်တာငါသိတာမို့ ပါ..
ဒီနေ့တော့ကိုယ်နည်းနည်းလေးလွမ်းမယ်
မင်းဆီကိုများ အမုန်းအဖြစ်တွေနဲ့ရောက်သွားရင် ဆောရီးပါ ကွာ...ငါ မင်းကို တကယ်ပဲ...တကယ်ပါပဲ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ