အရာရာကိုငြီးငွေ့လွယ်လွန်းတဲ့ကိုယ်က မင်းကိုမငြီးငွေ့တတ်တာထူးဆန်းခဲ့ပါတယ်..
ကျကွဲသွားတဲ့ဖန်ခွက်တစ်ခွက်လိုပဲ..အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့တာတောင်
အသက်ရှင်ဖို့မျှော်လင့်ချက်ကဆက်မရှိနေတော့တာတောင်...
ကိုယ့်ဘ၀ကိုမင်းနဲ့နှိုင်းယှဉ်ဖြစ်ပြီး ကိုယ်ဘယ်လောက်နိမ့်ကျနေကြောင်းကိုရယ်မောဖြစ်ခဲ့တယ်
အိပ်မက်တွေကသိပ်..ဈေးကြီးလွန်း ခဲ့တယ်
အလဲအလှယ်တချို့နဲ့စုံးစုံးမြုပ်သွားခဲ့တဲ့ကိုယ့်ရဲ့အိပ်မက်တွေအကြောင်းကို မင်းရဲ့ကြည်တောက်တောက်မျက်ဝန်းတွေကို စိုက်ကြည့်မိတိုင်းသတိရတတ်ခဲ့တယ်
ကံကောင်းလို့အောင်မြင်လာတဲသူမရှိပါဘူး လို့ယုံကြည်ထားပြီးကျွန်တော့်ကိုလှောင်ခဲ့တဲ့ခင်ဗျား !
ကံမကောင်းတဲ့သူတွေတော့အိပ်မက်တွေကို
လဲလှယ်ပစ်လိုက်ရင်း တစ်စုံတစ်ယောက်ရဲ့မျက်ရည်တွေခမ်းခြောက်စေဖို့အိပ်မက်ထဲကသူတို့အပြုံးတွေကိုစတေးကြတယ် ...မင်းသိလား...မင်းဟာငါ့အတွက်မငြီးငွေ့ရဆုံးလူသားဆိုတာ
လက်ချောင်းငယ်လေးတွေကိုဘယ်နှခါကြည့်ရကြည့်ရ ကျေနပ်ခဲ့တယ်
ပါးချိုင့်ပါတဲ့အပြုံးတွေဆို အို..ကမ္ဘာတစ်ဆုံးအထိနှစ်သက်ခဲ့တာပေါ့
အိုအေစစ်လည်းမရှိတဲ့ သဲတောထဲမှာဖယောင်းတိုင်တွေလည်းမီးစာငြိမ်းတယ် ရှူသွင်းလိုက်တဲ့
လေတွေကခြောက်ကပ်နေတယ် ..တစစီကွဲကြေနေတဲ့ဖန်ကွဲစတွေပေါ်ဖိနပ်ထူနဲ့ထပ်ခါထပ်ခါ နင်းလျှောက်နေသလိုပါပဲ
အစရှိပြီးအဆုံးမဲ့နေတဲ့ကမ္ဘာကြီးထဲ နေ့ဟာညလို
ညလည်းနေ့လို အတက်အကျမရှိဘဲအကျယ်ပြန့်ကြီးဖြစ်လို့အဝေးကြီးကိုမျှော်ကြည့်ပြီး
အရာအားလုံးကိုခံစားဖူးပြီး
ဒီနေရာမှာတော့ရပ်တန့်သွားချင်တော့သလိုပါပဲကျကွဲသွားတဲ့ဖန်ခွက်တွေလို
အလိုမရှိတော့တဲ့ဖယောင်းအရည်ပျော်တွေလိုမလှုပ်မယှက် သည်အတိုင်းလေးပဲ
ထာဝရမှောင်မိုက်သွားချင်တော့တာပါပဲ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ