Everything has happened as it want already.
မင်းမှာကတိ လူမှာသစ္စာ
စကားဆိုတာ ထိန်းသိမ်းမထားသရွေ့ ပွယောင်းလာတာပဲ
ကိုယ်မမှုတော့ပါဘူး
လွှတ်ပစ်လိုက်တဲ့အနာဂတ်တွေထဲမှာ အကုန်ရောထွေးစုပြုံပြီးပါသွားတယ်
ငါတန်ဖိုးထားတဲ့အရာတွေပါသွားလား အရှုပ်ပုံထဲပြန်မရှာဖြစ်တော့
တစ်လောကလုံးနောက်ကွယ်မှာကြိုက်သလိုပြောကြပါစေ
ကိုယ်တော့ ကော်ဖီသောက်ပျက်မှာတောင်မဟုတ်ဘူး
မင်းသိသေးတာလား...ကိုယ် coffee မှမတည့်တာ
အင်း မင်းပြောချင်သလို ပြောနေတဲ့ငါ့ဘဝကြီးကို ငါအဆုံးသတ်ဖို့လုပ်နေတာ
အများအမြင်မှာ ဒါက ကော်ဖီသောက်နေတဲ့လူတစ်ယောက်ဘဲ
ကိုယ့်ကြိုးကွင်းကိုယ်စွပ်နေတာကိုသူတို့မြင်မှာမဟုတ်သလို
သူတို့ရော မင်းရော စကားတွေပွယောင်းနေဦးမှာပဲ
နေချင်သလိုနေပါ...အဆုံးသတ်ကျ မင်းရောငါရော
သေမှာပါ....တကူးတက မင်းကို ငါမုန်းဖို့်လိုသေးလို့လား?
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ