သူက oversized (သူ့အရွယ်ထက်
ခပ်ကြီးကြီး)အင်္ကျီတွေဆိုသဘောကျတယ်ခရမ်းရောင်ကိုကြိုက်တယ်
အမည်းရောင် ဘောင်းဘီရှည်တွေကသူနဲ့အလိုပ်ဆုံးဖြစ်ပြီး
ဂျင်းဘောင်းဘီထဲလက်ထည့်ပြီးဖြဲရတာကြိုက်တယ်
ကတဲ့အခါ ဥိးထုပ်ကိုမျက်နှာဖုံးအောင်ထိ ခပ်ငိုက်ငိုက်ဆောင်းရတာကြိုက်တယ်
အမဲသားကြိုက်တယ်.. ငါးမစားဘူး
တို့ဟူးဟင်းကိုကြိုက်လာတယ်... သကြားရည်လောင်းထားတဲ့တုတ်ထိုးသစ်သီးတွေကြိုက်တယ်...
မော်ဒယ်လုပ်ပေးရတဲ့ချောကလက်နဲ့ရေခဲမုန့်တွေစားတယ်..
အသီးအရွက်လည်းစားတယ်..မြက်တွေလည်းကောက်စားတယ်...
အသက်တမျှတန်ဖိုးထားတာဟာ သူ့လက်ပ်တော့ပ်နဲ့သီချင်းရေးတဲ့ကိရိယာတွေဖြစ်ပြီး အားတာနဲ့ပါးစပ်ထဲမှာ သီချင်းကြီး သီချင်းဟောင်းတွေဆိုညည်းရတာကြိုက်တယ်...
အဆင်မပြေတဲ့အချိန် နားရွက်(နားဆွဲ)ကိုကိုင်တတ်ပြီးရှက်တဲ့အလာလည်ကုပ်ကိုကိုင်တတ်တယ်..
ခေါင်းငုံ့တဲ့အခါ ရင်ဘတ်ကို
ဖိတတ်ပြီး သွားမပေါ်တဲ့အချိန်ကသာမန်အြုံးတာဖြစ်တယ်...ရယ်သံတွေကချိုပြီးတမျိုးနားထောင်ကောင်းတယ်
ရေကူးတဲ့အခါ လိပ်ပြာကူးကိုအကြိုက်ဆုံးဖြစ်ပြီး
အိပ်ယာပေါ်မှာလှိမ့်တတ်သေးတယ်...သတိရတိုင်းအမြဲရေးမယ်...
ကိုယ်မင်းနဲ့ခွဲရတဲ့အခါ အမှတ်တရတချို့ကျန်ခဲ့စေချင်တယ်... ငါ့အတွက်ဒီလောက်ဆို လုံလောက်တယ်
ဒေလီယာငယ်...ငါက မင်းရဲ့ကျောပြင်ကို ရပ်ငေးပြီးကြည့်နေခဲ့ရတာအကြိုက်ဆုံးပါပဲ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ