Failure of expects

45 6 0
                                    

  မိုးတွေအမြဲရွာပြီး မှိုင်းညို့နေတဲ့နေရာမှာနေမယ်

လက်ဖျားတွေဖုံးတဲ့အင်္ကျီရှည်နဲ့ သစ်သားနဲ့ကော်ဖီဆိုင်မှာ မင်းကိုလွမ်းတိုင်း မင်းကပျော်တိုင်း တစ်ယောက်တည်းထိုင်ရင်း ကိတ်မုန့်တစ်ပိုင်းနဲ့ လူမရှိတဲ့လမ်းတွေကိုအကြာကြီးငေးစိုက်ကြည့်မယ်...

ကော်ဖီတွေမပါကြေး...

လေအေးအေးတွေ လူမကြိုက်တဲ့ မိုးနံ့ရောတဲ့ တိမ်စိုင်အပြင်လိပ်တွေနဲ့ ကောင်းကင်တစ်ခုလုံးငိုတာကိုအဖော်ပြုကြည့်မယ်   ...

လူတွေစုတ်သပ်သွားတိုင်း "ဒီမိုးကလည်းကွာ"လို့
မြင်ပြင်းကပ်တိုင်း မင်းကိုအလွန်တရာသနားကြောင်း
မိုးရေထဲထိုင်မယ်....

အပြန်အလှန်အားဖြင့် မင်းလည်း ငါ့အပူတွေကိုအေးစေ

: စိတ်ပူနေတာ

: ခင်ဗျားများအဆင်မပြေဖြစ်နေမလားဆိုပြီး

: မင်းအဆင်ပြေကြောင်း ကြားသိမြင်ရတဲ့နောက် အဆင်မပြေတာက ငါ ဖြစ်သွားတာပဲ

:တကယ်တော့ ဘာမှလည်းမဟုတ်ကြပါဘူး

: တကယ်တော့ ငါတို့က ဘာမဆိုင်ညာမဆိုင် ဆက်ဆံရေးရှိတဲ့သူတွေလည်းမဟုတ်ကြပါဘူး
အပြင်လူမပါဘဲ မင်း နဲ့ ကိုယ် နှစ်ဦးတည်းပြောပါတယ်

အချစ်စစ်ဆိုတာ ရယူလိုခြင်း အလျဉ်းကင်းတဲ့ ပေးကမ်းခြင်းမျိုးတဲ့

ဘယ်ဘဝမှာမှ တရားမပေါက်ခဲ့တော့ ပေးကမ်းခြင်းမှာ မရက်ရောတာ မင်းနဲ့ပတ်သက်တဲ့ ငါ့စိတ်ပဲရှိတယ်

မင်းက. သုည ဆီက ဘာတွေပေးကမ်းလာမှာကို
တွးပြီး သူက သုညမို့ ဘာမှလိုချင်စရာမလိုရဘူး
လို့တွေးရတာတုန်း

လူတိုင်းမှာသူ့တန်ဖိုးသူရှိနေသရွေ့ ဘယ်အချစ်မှပေးကမ်းခြင်းတစ်ခုတည်းမဆန်ဘူး...

တန်ဖိုးရှိတာဟာ တန်ဖိုးသိတဲ့သူလက်ထဲအပ်ရသလိုပဲ

သုညလည်း တန်ဖိုးရှိတယ်...

မယုံရင် သိန်းသောင်းချီတဲ့ပိုင်ဆိုင်မှုတွေကို သုညနဲ့စားကြည့်ပါလား...

သူတို့ရှိဦးမလားလို့...

အဆင်ပြေနေကြောင်းကြားရတာ တနည်းတော့စိတ်အေးသွားရတယ်

တမလွန်​မှ ကျွန်​မထံ ​ပေးစာWhere stories live. Discover now