သည်စာက မင်းကို အသိအမှတ်ပြုတဲ့စာတစ်စောင်ပါ ဒေလီယာ
သည်နှစ်ဟာ မင်းအတွက် အပင်ပန်းရဆုံးဖြစ်ခဲ့တဲ့အကြောင်းလေးတွေ မင်းသိရအောင် မင်းထံပါးလိုက်တဲ့စာလေးပါ
နှစ်စမှာတင် မင်းငိုခဲ့သေးတာ ငါမှတ်မိသေးတယ်
သီချင်းတစ်ပုဒ်ကို ကားပေါ်မှာနားထောင်ရင်း
အရာရာ အသစ်အလွင်ဆုံးဖြစ်ရတဲ့တစ်နေ့မှာ မင်းကမျက်ရည်တွေနဲ့အသက်မပါသလို ပြုံးနေခဲ့သေးတာ..လူတိုင်းကိုယ်စီ စိတ်လှုပ်ရှားစွာနဲ့ခရီးတစ်ခုအကြောင်းအုန်းအုန်းထပြောနေတဲ့တချိန်လေးပေါ့
နူးညံ့တဲ့မနက်ခင်းကို ခြင်တွေနဲ့အဖော်ပြုပြီးကြိုခဲ့တာလေး အမှတ်ရသေးရဲ့လား
ဘဝရဲ့ပထမဆုံးသော အပြင်ခရီး... သူစိမ်းပါတဲ့အပြင်ခရီးကိုသွားခဲ့ရတယ်...
ပျော်ခဲ့ရဲ့လားတော့ မမေးပါနဲ့... ကိုယ်လည်းအသေးစိတ်တွေကိုအကောင်းအဆိုးဒွန်တွဲပြီးမမှတ်ထားချင်တော့ပါဘူး
အဆိုးဆုံးလို့ ခုထိသတ်မှတ်ထားတဲ့အဖြစ်အပျက်အကုန်သည်နှစ်မှာဖြစ်ပျက်ခဲ့သေးတယ် ဒေလီယာ
မင်းသိလား အဆိုးရွားဆုံးကတော့ အနာကျင်ရဆုံးအချိန်မှာတော့ လဲကျမနေနိုင်ဘဲ အကြိမ်ကြိမ်ပြန်ထခဲ့ရတာပါပဲ
သည်ထက်ဆိုးရွားတာတွေထပ်ဖြစ်လိမ့်မလား အသိရသေးပေမယ့် ကိုယ်ရှင်သန်နေတုန်း မင်းကိုအသိပေးလိုက်တာပါ
နောင်တမရပါနဲ့. ဒေလီယာ
မင်းက အဲ့အခြေအနေအချိန်အခါတုန်းက အလုပ်သင့်အလုပ်ထိုက်ဆုံးအလုပ်တွေချည်း ရွေးခြယ်ပြီးလုပ်ခဲ့တာပါဖြစ်လာမယ့်ရလာဒ်တွေ ကောင်းကောင်းဆိုးဆိုး
တစ်ရက်လေးအသက်ရှင်ဖို့ နှလုံးလေးတစ်ချက်မနာမကျင်ခုန်ဖို့တောင် အားစိုက်ခဲ့တဲ့သူပါ
ငါက မင်းကို သနားပါတယ်
ဒီတစ်ကမ္ဘာမှာ ဘယ်သူ့မှအရေးတယူမလုပ်တဲ့ မင်းအကြောင်းတွေကို လိုလိုလားလားဖတ်ပြပေးချင်သူပါ
အဆုံးစွန်ထိ ငါဟာ မင်းနဲ့အတူရှိသွားမှာပါဒေလီယာ
ဒါဟာအနည်းငယ် ရယ်ချင်စရာ ကောင်းပေမယ့်
မင်းနဲ့ငါဟာ တစ်ယောက်တည်းပါပဲဆိုတာ...
မင်းသိသေးလား..ဒီနှစ်ထဲမှာလူတစ်ယောက်မက ကိုလည်းစွန့်လွှတ်လိုက်တယ်ဆိုတာ
ဆုံဖို့မဖြစ်တဲ့ပြေးလမ်းတွေကိုအတင်းမစုစည်းတော့ဘဲ
လမ်းခွဲပေးလိုက်သလိုပါပဲ...ခုတော့သည်လောက်ပါပဲ ဒေလီယာ
ခုတလော ကိုယ်လည်း သိပ်နေမကောင်းချင်
မကြာခဏ မောပြီး နားချင်နေတာပဲသိတော့တယ်
ငါ့ကိုလာတွေ့ဖို့အချက်တွေများပေးနေသလား
မကြာခင်ပေါ့... မကြာခင်လေးပါပဲ ကိုယ့်ဒေလီယာ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ