ငါမင်းဆီကိုစာတွေရေးနိုင်တော့မယ်မထင်ဘူး
ဒေလီယာသူငါ့ဆီကထွက်သွားပြီ
ငါစွန့်လွှတ်လိုက်တာပါ..တကယ်က
ကျန်တဲ့သူတွေလည်းအကုန်သွားကြပြီ...
ခုတော့..အ.အင်း..အဖြေကိုမင်းလည်းသိပါတယ်
ဒေလီယာဒေလီယာ...
အဲ့မှာခရစ္စမတ်တွေရှိလား...အေးရောအေးလား
မနက်ဖြန်အတွက်..မင်းဘာများလုပ်နေသလဲ
ချစ်ရသူနဲ့ဈေးဝယ်ထွက်မှာလား...
သီချင်းချိုချိုတွေလိုက်ညည်းရင်းနေရောင်နွေးနွေးနဲ့အိမ်လေးရဲ့မီးဖိုချောင်ထဲမှာလား ...
ငါမမျှော်လင့်ရဲဆုံးအချိန်တွေထဲမှာ ခရစ္စမတ်နဲ့ဇန်န၀ါရီပါတယ်...
ငါသိတဲ့ငါ့ကိုတန်ဖိုးထားလိမ့်မယ်ထင်တဲ့သူတွေငါ့ဆီကထွက်သွားတဲ့နေ့....
မီးရှူးမီးပန်းသံတွေထက်ငါမုန်းတဲ့အသံတွေငါ့ဆီအလည်လာတဲ့နေ့
ပျော်ရွှင်စရာခရစ္စမတ်လေးပါတဲ့...သူကဆုတောင်းပေးတယ်...
ငါရယ်လိုက်ရမလားပဲ...
သူတောင်မရှိတော့တဲ့ခရစ္စမတ်မှာငါကဘာကိုပျော်ရမှာလဲ...
အစတည်းကဒါကဒီလိုပဲဖြစ်ခဲ့သင့်တာပါ..ဒေလီယာ...
ငါနားလည်ပြန်တယ်...ငါလက်ခံရမယ့်ကံတရားကို...
ငါရုန်းကန်ဖို့မကြိုးစားဘဲငြိမ်ငြိမ်လေးပဲဝါးမြိုခံလိုက်တယ်
နှင်းဖွေးဖွေးလေးတွေလှုပ်လီလှုပ်လဲ့ကျနေရော့မလား...
ငါလည်း..မကြာခင်..အင်း...မကြာခင်ပေါ့ဒေလီယာ။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ