"နှလုံးသားမပါတဲ့ ရှင်သန်ခြင်း ဘယ်နှခုလောက်များ
ပျက်စီးဖို့လိုပါသလဲ
ရှင်သန်နေရင်း မျှော်လင့်ချက်မဲ့တဲ့ ဘဝမျိုးကို
ဘယ်နှယောက်လောက်များ ပိုင်ဆိုင်ဖို့လိုပါသလဲမင်းရဲ့နှလုံးသားထဲ ငါ့ခံစားချက်လေးတွေရောက်ဖို့
စာလုံးရေမိုင်ပေါင်း ဘယ်လောက်ဝေးပါသေးသလဲ ~ငါ့ကို မင်းလို ရှင်သန်စေတော့မှာလား
ကျေးဇူးပြုပြီး ပြောင်းလဲပေးပါ။
ငါ့ကို ဧပရယ်တွေ မှာ ပျော်ရွှင်နိုင်အောင် လုပ်ပေးပါ။
==========Last April =======
နောက်ဆုံးစာတစ်စောင်ရေးပါတယ်
စိတ်တိုင်းမကျလိုက်တာ ဧပရယ်ရယ်...
သေခါနီးသူတွေက အဲ့လိုသေးသေးလေးကအစ ပြသာနာရှာတယ်ဆိုတာ တကယ်များလားနော်
ယုံကြည်ချက်ကသေးသေးလေးတောင်မရှိတော့ဘူး
ဒါပေမယ့် နောက်ဆုံးတစ်ကြိမ်ပစ်ခွင်းလိုက်တယ်
လက်ကျန်အားနဲ့...။
ထွေထွေထူးထူး ဂရုစိုက်စရာတော့မရှိပေမယ့် ဆိုင်သူတွေဟာ သည်စာကို ဖတ်ပါ့မလား ။
'အရောင်စုံတဲ့ဘဝကိုရောင်းစားခဲ့တဲ့ သူတောင်းစား'လို့
မှတ်ယူချင်လည်း ရှိပါစေတော့.... ။
တစ်ဘဝမှာ ဘယ်တုန်းကမမှ မပိုင်ဖူးခဲ့တဲ့ အပြုံးလေးတွေကို နောက်ဆုံးသော လေးလပိုင်းကိုကျော်လွန်ပြီးတဲ့အခါ ရလေမလားလို့ နောက်ဆုံးလောင်စာအဖြစ်
သည်စာကို မင်းအတွက် ရေးဖြစ်ခဲ့တယ် ဧပရယ်~။......................................................
ဧပရယ်လရဲ့အပူချိန်ဟာ ကြောက်စရာပဲ
သည်လိုအပူချိန်တွေကျလာတိုင်း ငါက မကြာခင် သေမင်းနဲ့ပက်ပင်းတိုးတော့မလား စိုးရိမ်ရတယ်ဒီစာဟာ ဧပရယ်လရဲ့ပိတောက်ပန်းတွေပွင့်မယ့်အကြောင်းမဟုတ်ဘူး.... ဧပရယ်ကိုကြောက်တဲ့လူတစ်ယောက်ရဲ့ဖွင့်ဟစာပါ...မင်းကဧပရယ်ကိုချစ်ကောင်းချစ်မယ်
ဧပရယ်ကိုတွေးပြီးပျော်ကောင်းပျော်မယ်
ငါ့အတွက် ဧပရယ်ဟာ တရုတ်ဂဏန်း ' 4 ' လို သေခြင်းပဲ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ