ငါ့ကို နမ်းရှိုက်ပါ ဒေလီယာ
တန်ဖိုးမကြီးမှန်းသိပေမယ့် မင်းကတော့ ငါ့ကို အရေးတယူလုပ်ပေးပါ
ငါနဲ့ပတ်သက်သမျှ အရာရာကို မင်းလိုပဲ တန်ဖိုးထားပေးပါ
ငါက မင်းပါပဲ ငါက မင်းပဲ မို့
ငါ အားနည်းတဲ့အချိန် ငါ့ကိုပွေ့ဖက်ပါ
အရာရာကိုလက်လွှတ်ပေးတတ်အောင် သူသင်ပေးခဲ့တယ်
နာကျင်ရမယ့်အရာတွေက ကြာလာတော့ နာကျင်ပြရကောင်းမှန်းမသိအောင် ထုံအသွားစေတယ်
မင်း ငါ့ကိုပြောင်းလဲစေတယ်...
ခုတော့ ငါ မင်း ကိုသည်တိုင်းလေးကြည့်နေတတ်ပြီ
ဖန်တီးလုပ်ယူလို့မရတဲ့အရာတွေထဲမှာ
တွေ့ဆုံခြင်းတွေ ခွဲခွာခြင်းတွေနဲ့
ကိုယ်မဟုတ်တဲ့ တစုံတယောက်ရဲ့ "စိတ်ဆန္ဒ" တွေပါပါတယ်
မင်းစိတ်နဲ့မင်းကိုယ်ပါပဲ ကလေးငယ်
ငါဟာ မင်းကိုအမြဲတမ်း သတိတရရှိနေခဲ့ပေမယ့်
ငါ့ရဲ့ပြုံးခြင်း ရယ်ခြင်းမှာ မင်းကအရာရာပါဝင်ခဲ့ပါလျက်
တကယ်ပဲ အချစ် ဆိုတဲ့အရာဟာ... တစ်ဦးတစ်ယောက်ဆီကထွက်ခွာသွားတဲ့အခါ အရင်ကအတိုင်းပြန်မဖြစ်တော့ပါ
သူကမျှော်လင့်ချက်တွေကို သယ်ယူသွားတယ်
နစ်နာကြေးအဖြစ် ခံစားတတ်တဲ့ အာရုံကြောတွေကိုပါထုံပေပြီးကျန်ခဲ့စေတယ်ထင်ပါရဲ့...
ခုတော့ မင်းမှမရှိတော့ရင်...
အရာရာက အဖြူနဲ့အမည်းချည်းလို
လူတိုင်းက စိတ်ညစ်ညူးဖိုကောင်းနေပါတယ်
ဒါကြောင့်ငါ့ကို နမ်းရှိုက်ပါဦး ဒေလီယာငယ်
ငါမသေဆုံးခင် ငါ့ကို တန်ဖိုးထားပါဦး
သူနဲ့မတူစွာပေါာ
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ