Hey you ..ယူ့ ခြေထောက်တွေကအမြဲလည်နေတာပဲနော်..
ဆရာဝန်မျက်စိနဲ့ကြည့်ရတာpostureက လည်နေသလိုကြီး.
အင်း ကိုယ်မျက်စိမှားတာနေမှာပေါ့..ထပ်ပြီးသူများကိုစိတ်ပူအောင်မလုပ်သင့်တော့ဘူးလေရယ်ရတာ ဘာလဲသိလား...
မင်းရဲ့ကိုယ်ရေးကိုယ်တာကို ကိုယ်က စွက်ဖက်ပါတယ်ဆိုပြီး.. မင်းနောက်ကလိုက်တဲ့အရိပ်လိုလူတွေကသန့်ရှင်းတယ်ဆိုပဲ..
မင်းသိသေးလား..သူတို့က အမှောင်နားက စကတ်စလောက်ရှိတာ....
တကယ့်အမှောင်ထုထဲမှာ ကိုယ်ရှိနေတယ်လေ
စူးစူးရဲရဲမျက်လုံးနီကြီးနဲ့ မင်းလုပ်သမျှကိုစိုက်ကြည့်နေတာ...ကျောမချမ်းသေးဘူးလား
နေကောင်းအောင်နေ လို့ ချိုင့်နေတဲ့
နဖူးကို တောက်ပစ်ရင်းပြောခဲ့မယ်နေမကောင်းဖြစ်ရင် ခင်ဗျားနောင်တရလိမ့်မယ်
ခင်ဗျားက ကျွန်တော်နဲ့ထပ်တွေ့ချင်နေသေးလို့လား
မလာပါနဲ့တော့.ခင်ဗျားရယ်
ခင်ဗျားထွက်သွားပြီးနောက်ပိုင်း အမှောင်က ပိုစိတ်တယ်
တိတ်ဆိတ်မှုက ပိုကျာ်လောင်လာပြီး ကိုယ်က ပိုပျက်စီးသွားသလိုပဲ...
ခင်ဗျားပဲ ပျော်အောင်နေ...
ကျွန်တော်ကသေလည်း အရေးမကြီးတာ
ကျွန်တော်ရှိရာဆီလိုက်လာရင် ကျွန်တော်က သေရွာမှာတောင် ငရဲကျနေဦးမယ့်သူမျိုး
ခင်ဗျားကြီး နတ်သမီးတစ်ဖက်ငါးရာနဲ့ပျော်ပါးတဲ့အချိန် ခင်ဗျားကို မျက်စောင်းလှိမ့်ထိုးမှုနဲ့ ငရဲကမကျွတ်ရင် ကျွန်တော်ပြိတ္တာမကြီးဖြစ်နေမှာပေါ့ဗျ...
သေပြီးရင်သေအောင်တော့မလုပ်ပါနဲ့...
အေးအေးချမ်းချမ်းလူ့ဘဝမှာအကြာကြီး စံစားပါဥိးကလေးရယ်...
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ