နှစ်သစ်ကို ကြိုမှာလား ဒေလီယာ
သင်္ကြန်ရေမစိုတာ နှစ်ချီရောပေါ့...
အဲ့ဖက်မှာရော ပွဲတော်တွေရှိသေးလား..
မရှိတော့ဖို့မျှော်လင့်တယ်...အမြဲတမ်းဖြစ်နေကျ အတိုင်းပဲပေါ့
တပါးသူရဲ့မျက်ရည်က ကိုယ့်အတွက်တော့ဒါဏ်ရာသက်သာစေတဲ့ဆေး ဆိုတဲ့ ဝဋ်ကြွေးလို...
သူသူငါငါ ပျော်ကြရွှင်ကြတဲ့အချိန်ဟာ အနက်နဲဆုံးနာကျင်ရခြင်းတွေပါပဲ...
မင်း ငိုရင် ငါရှိမယ်
မင်းပျော်တဲ့အခါ ငါရှိချင်မှရှိတော့မယ်
မင်းလည်းသိလိမ့်မှာမဟုတ်ဘူးမင်းလိုအပ်တဲ့အခါ ငါ့ကိုပြန်သတိရမယ်
ငါဟာ ကမ္ဘာတွေခြားတောင်လာတွေ့ရင်း
မင်းလိုအပ်သမျှကိုဖြည့်ဆည်းပေးမှာ...တဘဝလုံးမှာ ပေးဆပ်ရခြင်းကိုပဲ အသားကျလာတဲ့ကိုယ်ဟာ လက်ထဲကိုကောင်းတဲ့ပစ္စည်းလေးထည့်ပေးရင်တောင် ဘယ်တော့ ကျကွဲသွားလေမလဲ တထိတ်ထိတ်နဲ့ ပူပန်တတ်ရသလိုပေါ့...
မင်း ဆိုတဲ့တည်ရှိမှုက အဲ့သလိုမျိုး
စုတ်ပြတ်နေတဲ့ငါ့ကမ္ဘာမှာ တစ်ခုတည်းကျန်တဲ့ရတနာလိုမျိုး...အထိအခိုက်အပွန်းအပဲ့နည်းအောင် ကိုယ့်လက်နဲ့တောင်မထိရဲတဲ့ သက်ညှာမှုမျိုးပါ...
အချိန်တန်ရင် မင်းက ထွက်သွားဦးမှာ
သည်အခိုက်အတန့်ကိုစောင့်ရင်းပါပဲတခါတလေတော့ နာကျင်ခြင်းတွေများလွန်းလို့ မင်းနဲ့ဝေးဝေးဆီ ရွေ့သွားချင်မိတယ်...
မလိုအပ်တော့ရင် အနားမှာခေါ်မထားပါနဲ့လို့ တိန်တဆိတ်တောင်းပန်ဖူးတယ်....
ငါ နာ ရတာတွေကိုမုန်းနေပြီ
အချိန်တိုင်းလတ်ဆတ်ပြီး အချိန်တိုင်း မလျော့တဲ့ ပမာဏနဲ့ ထုနဲ့ထည်နဲ့ နာကျင်ရခြင်းတွေ...
နာကျည်းခွင့်မရဘဲ တတိတိတိုက်စားနေတာပါပဲမောပြီ ဒေလီယာ
ငါတကယ် သည်လမ်းကိုလျှောက်ရင်း နားလိုက်ချင်ပါပြီ...
ဘာလို့များလဲ ဆိုတဲ့စကားကိုအကြိမ်ကြိမ်မေးဖြစ်ခဲ့ကြတယ်..တကယ်တော့ငါတို့က အနူးညံ့ဆုံးလူသားတွေပါပဲ
ဒေလီယာသည်နေဒဏ်လေဒဏ်ကိုဘယ်လိုပဲတုပပြီးနေမယ်ပြောပြော
တိုက်စားပါများတဲ့အခါ တကယ်ပဲ ပဲ့ကြွေအရှုံးပေးရပါတယ်ငါ ရှုံးတယ်ဒေလီယာ
တစ်သက်တာလုံး အတွက်
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ