တစ်သက်လုံးမသုံးဖြစ်တော့မယ့် စကားတွေရှိပါတယ် ဒေလီယာ
တစ်သက်လုံးမကြားဖြစ်တော့မယ့် အမည်နာမတွေရှိပါတယ်
စိတ်ထဲမှာပဲ အကြိမ်အတစ်သန်းမက ခေါ်ပြီး
လက်တွေ့မှာပျောက်ဆုံးစပြုနေပြီ.. မဟုတ်
ပျောက်ဆုံးနေပြီဖြစ်တဲ့ ချစ်ခြင်းတရားရဲ့လက်စလက်နတွေမှေးမှိန်ပြီး မကြာခင်လေးမှာ ပျောက်ဆုံးသွားရတော့မှာချင်းအတူတူ... အချစ်တွေသာအပြည့်ဖြည့်ထားခဲ့မိရင် ရှင်သန်ရတဲ့နေ့တွေမှာ အဲ့လောက်ကြောင်အ နေမှာမဟုတ်ဘူး
အရာအားလုံးကိုလက်လွှတ်ထားပုံပေါ်တယ် တဲ့
အဲ့တာဟာ ငါ့ကိုတအားလန့်သွားစေတယ်
သည်အချိန်ပိုင်းလေးအတွင်း ငါဟာဘယ်လောက်တောင်ပြောင်းလဲခဲ့တာလဲ...
ငါဟာ အဆက်တွေဖြတ်ပစ်ပြီး သေဖို့သိပ်ကိုအဆင်ပြေနေတဲ့သူတစ်ယောက်အဖြစ်ပြောင်းသွားပါလိမ့်
ငါ သည်နှစ်တွေထဲ သိပ်ကြာကြာနေနိုင်လိမ့်မယ်မထင်ဘူးဒေလီယာ
နွေရာသီမှာ လေတွေအေးစပြုနေတယ်
ငါ့ရဲ့ခံစားချက်တွေလည်းထိုနည်းတူပါပဲ
တဖြည်းဖြည်းတိုးလာရင်း ငြိမ်သက်သွားတော့မယ်
ငါမကြာခင်မင်းကိုတွေ့ခွင့်ရတော့မယ်ထင်တယ်
ဒေလီယာနာကျင်ခြင်းတွေက သိပ်ကိုမကြာခင်ပဲအဆုံးသတ်တော့မယ်ထင်ပါရဲ့
ရှင်သန်ဖို့မသင့်တော်တော့တဲ့ ပန်းလေးတွေ
ဒီကမ္ဘာမှာ အမြောက်အများရှိတယ်
ရှင်သန်စဉ်မှာ ပန်းကောင်းတစ်ပွင့်ဖြစ်ခဲ့တယ်လို့ ယူဆကြရအောင်
ဘယ်သူတစ်ဦးတစ်ယောက်ရဲ့မှ ဆွတ်ယူ နမ်းရှိုက်ခြင်းကိုမခံခဲ့ရပေမယ့်....
ဒေလီယာရယ်....
ငါတို့ဟာ အကောင်းဆုံးရှင်သန်ခဲ့ဖူးကြပါတယ်
အတတ်နိုင်ဆုံး အတိုင်းအတာတွေကို ကျော်လွန်ပြီးသည်ထိ။
YOU ARE READING
တမလွန်မှ ကျွန်မထံ ပေးစာ
Poetryပျော်နေပြီလား...သေသွားပြီးတဲ့နောက်ရော နာကျင်နေရပါသေးလားဒေလီယာ ! မင်းသာအဆင်ပြေနေခဲ့ရင်သည်စာလေးကိုမင်းကြားနိုင်ပါစေ